Local Celebrity: ဆိုဖီယာ သရုပ်ဆောင်လုပ်တော့မှာလား

ဇာတ်ကားရိုက်ကူးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

play

 

Myanmar Idol ပြိုင်ပွဲမှာကတည်းက လူသိများခဲ့တဲ့ ဆိုဖီယာအဲဗားရက်စ်က ယခု ဇာတ်ကားရိုက်ကူးမှုတွေ လုပ်နေ တယ်လို့ သိရပါတယ်။ သူမရဲ့ ပထမဆုံး ဇာတ်ကားဖြစ်တဲ့ "နောင်ဘယ်တော့မှမမုန်း" ဇာတ်ကားကို သူရိယ၊ ဆုအိမ့်စံ တို့နဲ့ အတူ ရိုက်ကူးနေတယ်လို့ သိရပါတယ်။ အခုဆိုရင် အဲဒီဇာတ်ကားရိုက်ကူးမှုကတော့(၄)ရက်လောက် ရှိပြီလို့ သူမက ဆိုပါတယ်။

play

 

ဂီတဘက်မှာ ပရိသတ်အားပေးမှု ရနေတဲ့ သူမကို သရုပ်ဆောင် ဘက်မှာကော ပရိသတ်တွေအားပေးမလားဆိုတာ ကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။  ဇာတ်ကားရိုက်ကူးရေးတွေ လုပ်နေတဲ့ သူမက တစ်ကိုယ်တော်အခွေ ထွက်ဖို့ကိုလည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သူမရဲ့ အခွေကို အကောင်းဆုံး ဖြစ်အောင် စီစဉ်ထားပြီး ဇန်နဝါရီလမှာ ထွက်မယ်လို့ သိရပါတယ်။

play

 

အခွေနာမည်ကိုတော့ ပရိသတ်တွေကို မပြောပြသေးဘဲ လျှို့ဝှက်ထားဦးမယ်လို့ ဆိုပါတယ်။ သူမရဲ့ စီးရီးခွေထဲမှာ သီချင်းသစ် စုစုပေါင်း ၁၀ပုဒ်ပါဝင်ပြီး အပိုလက်ဆောင်သီချင်းများအနေနဲ့ MTV နှစ်ပုဒ်ထည့် ပေးထား တယ်လို့ သိရပါတယ်။ သူမရဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေထဲမှာ သီချင်းအမျိုးအစား အစုံအလင်ပါဝင်ထားသော်လည်း နောက်ပိုင်းထွက် လာမယ့် တစ်ကိုယ်တော်အခွေများမှာ R&B သီချင်းအမျိုးအစားတစ်မျိုးတည်းကိုသာ သီဆိုသွားမယ်လို့ သူမက ပြောပါတယ်။

Photo : ဆိုဖီယာ ဖေ့စ်ဘွတ်

ဆိုဖီယာ သရုပ်ဆောင်လုပ်ရင် အားပေးမှာလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ