Local Celebrity: ကြီးမှကျစ်လစ်လာတာလို့ ဆိုလိုက်တဲ့ သန္တာလှိုင်

လက်ရှိသူမက ငွေဆောင်ကို ရောက်နေတယ်လို့ သိရပါတယ်။

play


သန္တာလှိုင်ကတော့ လက်ရှိအချိန်မှာ ငွေဆောင်ကိုရောက်နေပြီး ကမ်းခြေရောက် သူမရဲ့ အလှဓာတ်ပုံလေးတွေကိုလည်း ဖေ့စ်ဘွတ်ပေါ်မှာ တင်ထားတာ တွေ့ရပါတယ်။ ကလေးနှစ်ယောက်ရဲ့ မိခင်ဖြစ်ပေမဲ့ သူများတွေ အားကျရအောင် ကျစ်လစ်လှပတဲ့ ခန္ဓာကိုယ်ကြောင့် ပရိသတ်တွေရဲ့ အားကျမှုကိုလည်း ခံနေရပါတယ်။

play
(၁၉)နှစ်နဲ့ (၃၉)နှစ်ပုံကို ယှဉ်ပြထားတာ ဖြစ်ပါတယ်။


သူမကိုယ်တိုင်ကလည်း လွန်ခဲတဲ့ (၁၉)နှစ်တုန်းက ရှိခဲ့တဲ့ ခန္ဓာကိုယ်ထက် ယခုလက်ရှိ (၃၉)နှစ်မှာရှိတဲ့ သူမရဲ့ ခန္ဓာကိုယ်ကို ပိုပြီး အားရကျေနပ်မိတယ်လို့ ဆိုထားပါတယ်။ သန္တာလှိုင်က သူမ(၁၉)နှစ်က ကမ်းခြေမှာ ရိုက်ထားတဲ့ ပုံနဲ့ ယခုလက်ရှိ(၃၉)နှစ် ကမ်းခြေမှာ ရိုက်ထားတဲ့ ပုံကိုလည်း ပရိသတ်တွေနှိုင်းယှဉ်ကြည့်နိုင်ဖို့ တင်ပေးထားပါတယ်။

play


သူမအခုလို ခန္ဓာကိုယ် ရရှိခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း " အခုတော့ ကလေးမွေပြီးကတည်းက Australia မှာ midwife လို့ခေါ်တဲ့ မြန်မာလို ပြောရရင်တော့ လက်သည်ပေါ့နော် တတ်ကျွမ်းတဲ့ nurse တွေကစပြီး မိခင် အသစ်စက်စက်တွေကို ပညာပေး သင်ပေးတာကနေ စပြီး ကိုယ်ခန္ဓာသန်စွမ်းဖို့ ကျန်းမာဖို့နဲ့ ပတ်သက်တဲ့ လေ့ကျင်ခန်းတွေ အများကြီး လေ့လာ ကျင့်သုံးရင်းနဲ့ ဖတ်ရင်း အသုံးချရင်းနဲ့ Balance Fitness နဲ့ စပြီး အလုပ်လဲ လုပ်ရော... တတ်ကျွမ်းတဲ့ trainer တွေနဲ့ အသေအချာလဲ လုပ်ရော ယခုလိုမျိုး ခန္ဓာကိုယ်ကို ရရှိခဲ့တယ်" လို့ သူမက ဆိုပါတယ်။

play


ယခုလက်ရှိ ငွေဆောင်ကို ရောက်နေတာကလည်း ပရိသတ်တွေအတွက် ပရိသတ်တွေလိုက်လုပ်နိုင်မယ့် လေ့ကျင့် ခန်းတွေ သင်ပြပေးတဲ့ ဗီဒီယိုတွေ ရိုက်ကူးပြီး မကြာခင် youtube မှာ တင်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Photo : သန္တာလှိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ