Local Celebrity: ချစ်သုဝေမသိအောင် အလှူပြုခဲ့တဲ့ လင်းလင်း

ချစ်သုဝေကရော ဘယ်လိုပြန်ပြောထားမလဲ။

play

 

အဆိုတော် လင်းလင်းက ဇနီးဖြစ်သူ ချစ်သုဝေမသိအောင် အလှူတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ လင်းလင်းဟာ  မန္တလေးရောက်တုန်း သူငယ်ချင်းတွေနဲ့အတူ စုပေါင်းပြီး အကောင်အထည်ဖော်ခဲ့တဲ့ ဘိုးဘွားရိပ်သာကို သွားရောက်ခဲ့တယ်လို့သိရပါတယ်။ အဘိုးအဘွားတွေ အများကြီး ရှိနေတဲ့ နေရာလေးကို ရောက်ခဲ့တဲ့ လင်းလင်းက ဘိုးဘွားတွေနေဖို့ အဆောင်လိုနေတာကြောင့် ၂၅ပေ၊ ပေ၁၀၀နဲ့ သိန်း ၁၅၀ခန့်ကုန်ကျမယ့် အဆောင်တစ်ခုကို လှူခဲ့တယ်လို့ လင်းလင်းက ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

ငွေသားလှူတာမျိုးမဟုတ်ဘဲ ဆောက်လုပ်ရေးခေါ်ပြီး တစ်ပါတည်းဆောက်လုပ်လှူဒါန်းမှာ ဖြစ်သလို ပရိသတ်တွေအားလုံးလည်း ကိုယ်တိုင်ကိုယ်ကျ သွားလှူဖို့ကို တိုက်တွန်းထားပါသေးတယ်။ ဇနီးကို မတိုင်ပင်ဘဲ လှူဒါန်းတာဖြစ်တာကြောင့် လင်းလင်းက ယခုလို ချစ်သုဝေကို ပြောထားပါသေးတယ်။

"ကဲ မိန်းမရေ ညည်းကို မတိုင်ပင်ဘဲ အလှူတစ်ခုလုပ်လိုက်ပြီ  ညည်းလဲ နှစ်ခါမပြောရဘူးဆိုတာသိပြီးသားပါ။ ညည်းကိုကျုပ်ခဏခဏ ပြောတာ မှတ်မိလား ကျုပ်တို့တွေ ကားကောင်းတွေစီး တိုက်ကြီးပေါ်နေပြီး ကြုံရတဲ့ ဘဝအပူက ဘာမို့လို့လဲကွာနော် ဒီနိုင်ငံမှာ ဘဝဆိုးအပူ မျိုးစုံနဲ့ လူတွေအများကြီးရှိသေးတယ်လေ"ဆိုပြီး ရေးသားထားပါတယ်။

play

 

ချစ်သုဝေကလည်း ခင်ပွန်းဖြစ်သူ လင်းလင်းပြုခဲ့တဲ့ အလှူကို "သာဓုပါ ယောကျာ်းရယ် အဘိုးအဘွားတွေကို လှူခွင့်ရတာ မင်္ဂလာပါလေ" လို့ ပြန်လည်ရေးသားထားပါတယ်။

Photo : လင်းလင်းဖေ့စ်ဘွတ်၊ ချစ်သုဝေ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ