Local Celebrity: ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်းပေါ်က အိချောပို

ဗိုလ်အောင်ဒင်ရဲ့အသည်းကိုလာမဆွနဲ့ ဇာတ်ကားကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။

play

 

အနုပညာအလုပ်တွေ တောက်လျှောက်လုပ်နေတဲ့ အိချောပိုကတော့ လက်ရှိမှာ "ဗိုလ်အောင်ဒင်ရဲ့အသည်းကိုလာမဆွဲနဲ့ " ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။ အဲဒီရုပ်ရှင်ဇာတ်ကားကို ပြေတီဦး၊ မင်းမော်ကွန်းတို့နဲ့အတူ ပုပ္ပားဘက်မှာ သွားရောက်ရိုက်ကူးနေတယ်လို့ သိရပါတယ်။

play

 

ရိုက်ကွင်းကိုလာလည်နေတဲ့ ပရိသတ်တွေနဲ့ တွေ့ရတဲ့အတွက် အိချောပိုကတော့ ပျော်လို့ နေပါတယ်။  ၂၀၁၆ခုနှစ်ဟာ အိချောပိုအတွက် ဇာတ်ကားတွေ တော်တော်ရိုက်ကူးရတဲ့ နှစ်တစ်နှစ်လို့ ပြောရင် မှန်ပါလိမ့်မယ်။ ဇာတ်ကားတွေ ဆက်တိုက်ရိုက်နေရတဲ့ သူမက ဒီဇင်ဘာလထဲမှာလည်း ရိုက်ရက်တွေ အပြည့်ဖြစ်နေတယ်လို့ သိရပါတယ်။

play

 

နယ်ဘက်တွေမှာ ဇာတ်ကားရိုက်ကူးရတာ ပိုများတဲ့ သူမက ပင်ပန်းပေမဲ့လည်း ပရိသတ်တွေအတွက် ကြိုးစားနေတာဖြစ်လို့ သူမကိုယ်တိုင် က ကျေနပ်တယ်လို့ ဆိုပါတယ်။ အိချောပိုကတော့ ပရိသတ်တွေအားပေးမှုနဲ့ ထိုက်တန်တဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်အောင် အမြဲကြိုးစားသွားမယ်လို့လည်း သူမက ပြောပြခဲ့ပါတယ်။

Source : popular News

Photo   : အိချောပို ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ