Local Celebrity: ပန်းပွဲတော်ကို ရောက်နေတဲ့ အေးမြတ်သူ

နေရာအစုံတော့ မရောက်ခဲ့ဘူးလို့ ဆိုပါတယ်။

play

အေးမြတ်သူကတော့ လက်ရှိမှာ ပြင်ဦးလွင် ပန်းပွဲတော်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။လာလည်တဲ့ ဧည့်သည်တွေအရမ်းများတာကြောင့် နေရာစုံတော့ မရောက်ခဲ့ဘူးလို့ သူမရဲ့ ပရိသတ်တွေကို ပြောပြထားပါတယ်။

play

ပန်းပွဲတော်ကို မရောက်သေးတဲ့ ပရိသတ်တွေကိုလည်း သူမက သွားလည်ခိုင်းထားပါတယ်။ နှစ်(၁၀၀)ပြည့် ပန်းပွဲတော်ဟာ စည်ကားလှတာကြောင့် ပရိသတ်တွေကို တိုက်တွန်းပေးထားတာ ဖြစ်ပါတယ်။ နေရာအစုံ မရောက်ခဲ့တဲ့ အေးမြတ်သူဟာ ရောက်တဲ့နေရာလေးတွေမှာ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေက ချစ်စရာကောင်းလှပါတယ်။

play

 

သူမပါဝင်ထားတဲ့ "ငဘ" ရုပ်ရှင်ဇာတ်ကားဟာလည်း ဇန်နဝါရီ(၁၃)ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။သူမကတော့ အဲဒီဇာတ်ကားထဲမှာ တောင်သူလယ်သမားမလေးတစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။အေးမြတ်သူရဲ့ ရုပ်ရှင်ဇာတ်ကားတွေ တော်တော်များများဟာ ၂၀၁၆ ခုနှစ်ထဲမှာ ရုံတင်လာသလို ၂၀၁၆ခုနှစ်ဟာလည်း သူမအတွက် ကံကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ