Local Celebrity: ဇန်နဝါရီ(၆)ရက်နေ့ဖြန့်မယ့် အိမ့်ချစ်ရဲ့ သီချင်းသစ်

အွန်လိုင်းမှာ ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။

play

 

အိမ့်ချစ်ကတော့ သူမရဲ့ ပရိသတ်တွေအတွက် အွန်လိုင်းကနေ သီချင်းတစ်ပုဒ်ကို ဇန်နဝါရီ (၆)ရက်နေ့မှာ ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။ သီချင်းနာမည်က " "oh my Crush" လို့နာမည်ပေးထားပြီး အဲဒီသီချင်းကို သူမကိုယ်တိုင် အပြင်မှာ Crush ရတဲ့ သရုပ်ဆောင် နေတိုးနဲ့ အတူ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

play

 

နေတိုးနဲ့အတူ ရိုက်ကူးထားတဲ့ အိမ့်ချစ်ရဲ့ သီချင်းကို V7 Entertainment ရဲ့ Page ကနေတင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။"oh My Crush" သီချင်းကို ဒါရိုက်တာ သီဟ(Dyno) ကရိုက်ကူးပုံဖော်ပေးထားပါတယ်။ သူမကိုယ်တိုင်အပြင်မှာ  Crush ရတဲ့ နေတိုးနဲ့ အတူ ရိုက်ကူးရတာကြောင့် အရမ်းကို ပျော်ရွှင်နေတယ်လို့ သိရပါတယ်။

play

 

အိမ်ချစ်ဟာ နောက်ထပ်မှာလည်း သူမရဲ့ "အိမ့်ချစ်ဟုခေါ်သည်" စီးရီးအတွက် ပြင်ဆင်နေပြီး သူမရဲ့ မိန်းကလေး ပရိသတ်တွေ အတွက် အိမ့်ချစ်နာမည်နဲ့  Brand တစ်ခုထုတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Photo : အိမ့်ချစ် ဖေ့စ်ဘွတ်

အိမ့်ချစ်ရဲ့ သီချင်းသစ်ကို အားပေးမှာလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ