Local Celebrity: နှစ်သစ်ကူးညမှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲများ

တစ်ကယ့်ကို ပျော်စရာကောင်းတဲ့ ညတစ်ညဖြစ်မှာပါ။

play

 

၂၀၁၇ နှစ်သစ်ကို ကြိုဆိုမယ့် အနေနဲ့ ဖျော်ဖြေရေး အစီအစဉ်များစွာကတော့ ဒီဇင်ဘာ(၃၁)ရက်နေ့မှာ စောင့်ကြိုလို့ နေပါပြီ။ ဒီဇင်ဘာ (၃၁)ရက်နေ့ညမှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲတွေကတော့ ပြည်သူ့ရင်ပြင် ည(၉)နာရီတွင် အိုင်းရင်းခရော့စ်ဖျော်ဖြေပွဲရှိမှာ ဖြစ်ပြီး 5Special 4HD ရုပ်သံလိုင်းတွင် တိုက်ရိုက်ကပြသသွားမှာ ဖြစ်ပါတယ်။

play

 

Big Bag၊ ဝေလ၊ Idiots၊ Reason၊ အားတီ၊ X Box၊ အောင်ထက်၊ စန္ဒီမြင့်လွင်၊ အိမ့်ချစ်၊ ဝိုင်း လေးတို့နှင့်အတူ အိပ်မက်ဆုံရာ နှင့် X Factor ပြိုင်ပွဲများ၌ ဆုရရှိ ထားသူများ ပါဝင်မည့် Myanmar Countdown 2017 ပွဲကို မိုင်ဒါ ကွင်းတွင် အခမဲ့ပြုလုပ်မည်ဖြစ်ပြီး ဒီဇင်ဘာ ၂၅ ရက်နေ့ 4TV အရောင်းပြခန်းများမှာ လက်မှတ်ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။

play

 

စိုင်းစိုင်းခမ်းလှိုင်၊ Snare၊ လွှမ်းပိုင်၊ ဘန်နီဖြိုး၊ ရဲရင့်အောင်၊ ရွှေထူး၊ X Box၊ ဖြိုးပြည့်စုံ၊ ထက် ယံ၊ Lil'Z၊ G Fatt၊ မိစန္ဒီ၊ Bobby Soxer၊ အမရာဖုန်းတို့ပါဝင်သီဆို မည့် Mask Party နှစ်သစ်ကူးည ဖျော်ဖြေပွဲကို ကန်တော်ကြီး မျှော် စင်ကျွန်းတွင် ပြုလုပ်မှာ ဖြစ်ပြီး လက်မှတ်များကို ငွေကျပ်ကိုးထောင်သတ်မှတ်ထားပြီး အဆိုတော်များရဲ့ သီဆိုမှုအစီအစဉ်နဲ့ ဒီဂျေပါတီများလည်း တစ်ပြိုင်တည်း ကျင်းပမှာ ဖြစ်ပါတယ်။

play

 

The Boom New Year Countdown Party အမည်ဖြင့် နှစ် သစ်ကူးညပျော်ပွဲရွှင်ပွဲကို Yangon Waterboom တွင် ပြုလုပ်မည်ဖြစ် ပြီး ဖျော်ဖြေရေးအစီအစဉ်များအ နေဖြင့် ဝေလ၊ ဂျက်ဆန်ထွန်း၊ ရဲရင့်အောင်၊ ဒေးဗစ်လိုင်၊ စန္ဒီမြင့်လွင်တို့ ပါဝင်မည်ဖြစ်ကာ ည ၇နာရီမှ ၁၂ နာရီအထိ ပြုလုပ်မှာ ဖြစ်ပါတယ်။အဲဒီပွဲအတွက် လက်မှတ်များကို လေးသောင်းကျပ်သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဂျေမောင်မောင်၊   ဂျော်နီ၊ပြည်မိုး၊ ဒိုးဒိုး၊ ဆိုတေး၊ စုချစ်ဇော်၊ ဇင်းဇင်း၊ ပန်ဆုပြည့်ကျော် အပါအ၀င် အဆိုတော်များစွာပါဝင် မယ့် ဖျော်ဖြေပွဲကို Golden ParkKorea Spa and Restaurant &Bar တွင် ပြုလုပ်မှာ ဖြစ်ပြီး လက် မှတ်များကို ကျပ်တစ်သောင်းခွဲ သတ်မှတ်ထားကာ ပွဲမှရရှိသည့် အကျိုးအမြတ်များကို မိဘမဲ့ ကလေးကျောင်းသို့ လှူဒါန်းမှာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့ နံပါတ်တစ် ဒီဂျေအဖြစ်သတ်မှတ် ခံထားရသည့် Martin Garrixပါဝင် ဖျော်ဖြေမည့် နှစ်သစ်ကူးညဖျော် ဖြေပွဲကိုဝဏ္ဏပန်းခြံဘေးရှိ The One Entertainment Park တွင် ပြုလုပ်မှာ ဖြစ်ကာ ပွဲလက်မှတ်များကို Regular VIP VVIP တို့ဖြင့် အမျိုးအစားခွဲကာ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သ သိရပါတယ်။

Source : 7day News

New Year ည ဘယ်ရှိုးပွဲ သွားကြမလဲ။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ