Local Celebrity: နိုင်းနိုင်းရဲ့ မိသားစု မြန်မာနိုင်ငံကို အလည်ရောက်ရှိနေ

အမေရိကန်ကနေ ခဏလာလည်တာဖြစ်ပါတယ်။

play

 

သရုပ်ဆောင် နိုင်းနိုင်းရဲ့ မိသားစုကတော့ အမေရိကန်နိုင်ငံကနေ မြန်မာနိုင်ငံသို့ ခေတ္တခဏ အလည်ရောက်ရှိလို့ နေပါတယ်။ ဇနီးဖြစ်သူ စန္ဒိချိုနဲ့ ကလေးလေးယောက်ဟာ ဒီဇင်ဘာ(၂၈)ရက်နေ့ မနက်(၁၀)နာရီခွဲကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

play

 

နိုင်းနိုင်းရဲ့ ဇနီးနဲ့ ကလေးလေးယောက်ဟာ ဇန်နဝါရီ (၁၇)ရက်နေ့အထိ မြန်မာနိုင်ငံမှာ နေထိုင်သွားမှာ ဖြစ်ပြီး မိသားစုအပန်းဖြေခရီးစဉ်တွေလည်း သွားကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

နိုင်းနိုင်းရဲ့ မိသားစုဟာ မြန်မာနိုင်ငံက ပရိသတ်တွေ မစိမ်းသလို ကလေးလေးယောက်ကို အားပေးတဲ့ ပရိသတ်တွေကလည်း ရှိလို့ နေပါတယ်။ ပျော်ရွှင်စွာ မိသားစု ဓာတ်ပုံလေးကိုလည်း Popular News ကနေ တစ်ဆင့်ကူးယူကာ ဖော်ပြပေးလိုက်ပါတယ်။

Source & Photo : Popular News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ