Local Celebrity: အလှကုန်ပစ္စည်း ထုတ်မယ့်ရက် ရွှေ့လိုက်တဲ့ မေခလာ

ကျန်းမာရေးအခြေအနေကြောင့်လို့ သိရပါတယ်။

မေခလာရဲ့ အလှကုန်ပစ္စည်းတွေကို သုံးဖို့ စောင့်နေတဲ့ ပရိသတ်တွေရှိလား။»

မေခလာရဲ့ အလှကုန်ပစ္စည်းတွေကို သုံးဖို့ စောင့်နေတဲ့ ပရိသတ်တွေရှိလား။»

play

 

အဆိုတော်မေခလာဟာ ပရိသတ်တွေအတွက် မေခလာဆိုတဲ့ နာမည်နဲ့ပဲ အလှကုန်ပစ္စည်းများကို ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ အလှကုန်ပစ္စည်းသုံးမျိုးကို ခရစ္စမတ်နေ့မှာ ပရိသတ်တွေကို မိတ်ဆက်ပေးမယ်လို့ ပြောထားပေမယ့်လည်း ကျန်းမာရေး အခြေအနေ ကြောင့် အလှကုန်ပစ္စည်း ထုတ်မယ့်နေ့ကို ရက်ရွှေ့လိုက်တယ်လို့ သိရပါတယ်။

play

 

မေခလာဟာ ဒီဇင်ဘာ (၁၆)ရက်နေ့က ထိုင်းနိုင်ငံကို အလုပ်ကိစ္စအတွက် သွားရောက်ရင်း ကျန်းမာရေးအခြေအနေကို သိချင်တာ ကြောင့် Medical Check-up လုပ်ခဲ့ရာ အရေလုံးတွေ့ရှိခဲ့တာ ကြောင့် ခွဲစိတ်မှု ပြုလုပ်ခဲ့ရပါတယ်။ ခွဲစိတ်ကုသမှုကိုလည်း အောင်မြင်ခဲ့တဲ့ အဆိုတော် မေခလာက အဲ့ဒါကြောင့်ပဲ ဒီဇင်ဘာ(၂၅)ရက်နေ့ ခရစ္စမတ်မှာထွက်မယ့် အလှကုန်ပစ္စည်း ကိုလည်း ပရိသတ်တွေနဲ့ မိတ်မဆက်ပေးနိုင်တော့တာ ဖြစ်ပါတယ်။

play

 

မေခလာရဲ့ အလှကုန်ပစ္စည်းမိတ်ဆက်ပွဲကိုတော့ ဇန်နဝါရီ (၇)ရက်နေ့မှာ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။ မေခလာရဲ့ အလှကုန်ပစ္စည်းများဟာ ဂျပန်ပြည်မှာ ထုတ်လုပ်ပြီး မြန်မာနိုင်ငံအတွင်း ရောင်းချသွားမှာ ဖြစ်ပြီး အလှကုန်ပစ္စည်းတွေကို မေခလာဆိုတဲ့ နာမည်နဲ့ပဲ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။သူမကိုယ်တိုင် ကိုးလကြာ စမ်းသပ်ပြီးတော့မှ ပရိသတ်တွေလက်ထဲ ထည့်ပေးတာ ဖြစ်တဲ့ မေခလာရဲ့ Skin Care သုံးမျိုးကတော့ မျက်နှာသစ်ဆေး၊ UV Cream၊ တိုနာတို့ ဖြစ်ပါတယ်။  မေခလာရဲ့ အလှကုန်ပစ္စည်းဖြစ်တဲ့ Skin Care Set ကို မြန်မာငွေ ရှစ်သောင်းနဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source : 8days Journal

Photo  : မေခလာ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ