Local Celebrity: ပထမဆုံး အကြိမ်ကျင်းပမယ့် သဘင်သက်ကြီးပူဇော်ပွဲ

, updated

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

play

 

မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ သဘင်သက်ကြီးပူဇော်ပွဲကို လာမယ့် နှစ်ဆန်းပိုင်းမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ နှစ်ဆန်းပိုင်းတွင် ပြုလုပ်သွားမယ့် သဘင်သက်ကြီး ပူဇော်ပွဲဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပထမဆုံး အကြိမ် ပြုလုပ်မယ့် ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ သဘင်သက်ကြီးပူဇော်ပွဲအတွက် တစ်နိုင်ငံလုံးမှ သက်ကြီး သဘင်ပညာရှင်များရဲ့ စာရင်းများကိုလည်း ကောက်ခံနေရာ လက်ရှိအထိ လူဦးရေ ကိုးရာခန့်ရှိတယ်လို့ သိရပါတယ်။

သဘင်သက်ကြီး ပူဇော်ပွဲအတွက် အသက်(၇၅)နှစ်အထက် သက်ကြီးသဘင်ပညာရှင်များအား တစ်ဦးကို ငွေကျပ် တစ်သိန်းဖြင့် ကန်တော့နိုင်ရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ အဲဒီအတွက်ကိုလည်း ရန်ပုံငွေပွဲများ ဆက်တိုက် ဆိုသလို ကပြလျက် ရှိတယ်လို့ သိရပါတယ်။  မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ သဘင်သက်ကြီးပူဇော်ပွဲအတွက် ရန်ပုံငွေဖျော်ဖြေပွဲများကို ရွှေ ပေါက်ကံ၊ မိုးကောင်းနှင့် သာကေ တမြို့များတွင် ပြုလုပ်ခဲ့ပြီး နော်ကထပ်လည်း အင်းစိန်၊ မယ်လမုနဲ့ လှိုင်သာယာတို့မှာလည်း ရန်ပုံငွေ ဖျော်ဖြေရေးပွဲများ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

Source & Photo: 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ