Local Celebrity: ဘန်ကောက်ရောက်နေတဲ့ ဆုပန်ထွာတို့မိသားစု

ဒီဇင်ဘာ (၂၈)ရက်နေ့ကတည်းက ရောက်နေတာလို့ သိရပါတယ်။

play

 

ဆုပန်ထွာတို့ မိသားစုလေးကတော့ ဘန်ကောက်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ အလုပ်ကိစ္စနဲ့မဟုတ်ဘဲ မိသားစု အားလပ်ရက် ခရီးထွက်တာ ဖြစ်တယ်လို့ သူမက ဆိုထားပါတယ်။

play

 

ဘန်ကောက်ကို ရောက်နေတဲ့ သူမရဲ့ မိသားစုလေးရဲ့ ပုံရိပ်လေးတွေကို ကြည့်ရတာ ကြည်နူးပျော်ရွှင်စရာ ကောင်းလှပါတယ်။ သားလေး Roar Roar လေးကလည်း အခုဆိုရင် ရက်(၁၀၀) ကျော်သွားပြီ ဖြစ်ပါတယ်။ မွေးကတည်းက အနုပညာရှင် အသိုင်းအဝိုင်းနဲ့ ပရိသတ်တွေကြားထဲမှာ မျက်နှာပန်းလှပြီး လူချစ်လူခင် ပေါများတဲ့ ကလေးလေးတစ်ဦးလည်း ဖြစ်ပါတယ်။

play

 

ဆုပန်ထွာရဲ့ အိမ်ထောင်ရေးဟာ အစပိုင်းမှာတော့ ဝေဖန်မှုတွေ များစွာ ရှိခဲ့ပေမယ့် ယခုအချိန်မှာတော့ ပျော်ရွှင်စရာ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားသူ တစ်ဦးအဖြစ် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ခံနေရတာကိုလည်း တွေ့ရပါတယ်။ လက်ရှိမှာ ဆုပန်ထွာ ကတော့ မိသားစုလေးကိုလည်း အချိန်ပေးရင်း သူမဝါသနာပါရာ အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။

Photo : ဆုပန်ထွာ ဖေ့စ်ဘွတ်

ဆုပန်ထွာရဲ့ မိသားစုဘဝလေးကို ဘယ်လိုမြင်လဲ။ »

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ