Local Celebrity: အမျိုးသမီးအဆိုတော် (၁၁)ယောက်နဲ့ အခွေထွက်မယ့် ဖြိုးပြည့်စုံ

Valentine အမီ စုံတွဲအခွေထွက်မယ်လို့ သိရပါတယ်။

play

 

M United Entertainment က စီစဉ်ပေးပြီး အမျိုးသမီး အဆိုတော် (၁၁)ယောက်နဲ့အတူ ဖြိုးပြည့်စုံက Valentine အမီ စုံတွဲခွေတစ်ခွေထွက်ဖို့အတွက် ပြင်ဆင်နေတယ်လို့သိရပါတယ်။ သူနဲ့အတူ ပါဝင်မယ့် အမျိုးသမီး အဆိုတော်တွေက ချမ်းချမ်း၊ စန္ဒီမြင့်လွင်၊ အိမ့်ချစ်၊ ခင်စုစုနိုင်၊ အမွန်း၊ ဝိုင်းလေး၊ ဂေဂေး၊ ရွယ်ရွယ်၊ ဝတ်ရည်ထက်၊ ဂျူလ်ဝဲတို့ပါဝင်မယ်လို့ သိရပါတယ်။ အဲ့ဒီအခွေကို ဇန်နဝါရီ လလယ်လောက် ထွက်ဖို့ မျှော်လင့်ထားသလို သူတို့နဲ့အတူ သီချင်း ၁၂ပုဒ်ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

သီချင်းတွေကတော့ သီချင်းဟောင်းတစ်ဝက်၊ အသစ်တစ်ဝက်နဲ့ ကိုယ်ပိုင်သံစဉ် ကော်ပီအားလုံးမျှအောင် ပါဝင်နိုင်ဖို့ ကြိုးစားထားတယ်လို့ ဖြိုးပြည့်စုံက ဆိုပါတယ်။ အဲဒီအပြင် ကိုစိုးလင်းစီစဉ်တဲ့ သင်္ကြန်ခွေမှာလည်း ပါဝင်သီဆိုထားပြီး အားလုံးပြီးသွားမှ သူ့ရဲ့ "မျှော်နိုင်သမျှ"MTV ကို ထွက်ဖို့ သေချာပြင်ဆင်တော့မယ်လို့သိရပါတယ်။

play

 

အဲ့ဒီအခွေထဲကမှ မကြာသေးခင် လပိုင်းကမှ တင်ထားတဲ့ "လရိပ်"MTV ကလည်း ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ခဲ့ပါတယ်။

Source : 7day Daily

Photo   : ဖြိုးပြည့်စုံ ဖေ့စ်ဘွတ်

လရိပ် MTV
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ