Local Celebrity: "ရွှေကြာ"ဇာတ်ကားမှာ ပါဝင်ရမယ့် အလင်းရောင်

အဓိက မင်းသားနေရာက ပါဝင်ရမှာ ဖြစ်ပါတယ်။

play

 

ဒါရိုက်တာ ဝိုင်းရိုက်ကူးမယ့် "ရွှေကြာ" ရုပ်ရှင်ကားထဲမှာ ပါဝင်ရမယ့် အဓိက မင်းသားကတော့ အလင်းရောင်ဖြစ်ပါတယ်။ ဒါရိုက်တာဝိုင်းနဲ့ အလင်းရောင်ဟာ ""3Girls" ရုပ်ရှင်ဇာတ်ကားမှာပဲ ဆုံဖူးတာဖြစ်ပြီး ဒီတစ်ခါကတော့ ဒုတိယအကြိမ် ပြန်လည်ဆုံတွေ့မယ့် ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။ ရွှေကြာ ရုပ်ရှင်ဇာတ်ကားမှာ အဓိက မင်းသားနေရာက အလင်းရောင် ဖြစ်ပြီး မင်းသမီးတွေကတော့ ဖွေးဖွေးနဲ့ သင်ဇာဝင့်ကျော်တို့ပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူတို့သုံးဦးဆုံတဲ့ "ရွှေကြာ" ဇာတ်ကားကို စောင့်မျှော်နေကြပါပြီ။"ရွှေကြာ" ရုပ်ရှင်ဇာတ်ကားထဲမှာ ရွှေကြာအဖြစ် ဖွေးဖွေး၊ စံထားညိုအဖြစ် သင်ဇာဝင့်ကျော်၊ သတိုးသိုက်အဖြစ် အလင်းရောင်တို့က သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

play

 

အလင်းရောင်ဟာ ၂၀၁၆ခုနှစ်ထဲတွင် "oh my Crush"အခွေထွက်ရှိခဲ့ပြီး "ရည်းစားဦး" ဇာတ်ကားထဲမှာလည်း ခေါင်းဆောင်နေရာက ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေ သတိထားမိလာတဲ့ မင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ အလင်းရောင်ဟာ အခုနောက်ပိုင်းမှာ ဇာတ်ကားတွေ တောက်လျှောက်ဆိုသလို ရိုက်ကူးလာရတာကို တွေ့ရပါတယ်။  "ဘယ်ရည်းစားကိုအချစ်ဆုံးလဲ" ရုပ်ရှင်ဇာတ်ကားမှာလည်း အလင်းရောင်ပါဝင်ထားပြီး သူ့ရဲ့ ကာရိုက်တာကတော့ ပရိသတ်တွေမထင်ထားတဲ့ ကာရိုက်တာ တစ်ခုဖြစ်ပြီး ထူးခြားမယ့် ဇာတ်ကားတစ်ကားလည်း ဖြစ်တယ်လို့ သိရပါတယ်။

Photo : အလင်းရောင် ဖေ့စ်ဘွတ်

အလင်းရောင်ပါဝင်ထားတဲ့ "ဘယ်ရည်းစားကိုအချစ်ဆုံးလဲ" ရုပ်ရှင်
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ