Local Celebrity: ပန်းသည်မလေးအဖြစ် တွေ့ရမယ့် မိုးစက်ဝိုင်

ရုပ်ရှင်ဇာတ်ကား ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

play


ပရိသတ်ရဲ့ အချစ်တော် အလှမယ် မော်ဒယ်လ်မိုးစက်ဝိုင်ကိုတော့ ပန်းသည်မလေးအဖြစ် တွေ့ရဦးမှာ ဖြစ်ပါတယ်။ သူမဟာ "ပက်ပက်စက်စက်ညှို့" ရုပ်ရှင်ဇာတ်ကားထဲမှာ ဆင်းရဲပြီး ပန်းရောင်းတဲ့ ကောင်မလေးနေရာက ပါဝင်သရုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Miss ပြိုင်ပွဲလျှောက်လမ်းပေါ်က မိုးစက်ဝိုင်


"မိုးစက်ဇာတ်ညွှန်းတွေကို သေချာဖတ်ထားတယ် ။ကိုသားညီ ကိုနေတိုး ရွှေထူးတို့နဲ့ ဇာတ်ကားရိုက်ဖို့ တိုင်ပင်ထားတာလည်း ကြာပြီဆိုတော့ တိုင်ပင်ကြရင်း သူတို့နဲ့ပိုပြီး ရင်းနှီးလာတယ် ။မိုးစက်ပါဝင်သရုပ်ဆောင်ရမယ့်ပုံစံက ဆင်းရဲတဲ့ပန်းသည်မလေး နောက်တော့န ည်းနည်းချမ်းသာသွားမယ် ။နောက်ဟန်ဆောင်မှုတွေကို ဒဏ်မခံနိုင်တဲ့သူ တစ်ယောက်အဖြစ်သရုပ်ဆောင်ဖြစ်မှာပါ ။၂၀၁၇ မှာရုပ်ရှင်ဇာတ်ကားကြီးရိုက်ရင်း ကြိုဆိုမှာဆိုတော့ ရင်လည်းခုန်မိတယ်" လို့ သူမက ဆိုပါတယ်။

play


ဒီဇာတ်ကားအတွက် သူမအနေနဲ့ အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်သွားပါ့မယ်လို့လည်း ပြောပြထားပါတယ်။ သူမအနေနဲ့ ၂၀၁၇ထဲမှာ ဒီဇာတ်ကားတစ်ကားပဲ ရိုက်ကူးဖို့ လက်ခံထားတာရှိပြီး ဒီကားအတွက်ကိုပဲ စိတ်ထဲထည့်ထားပြီး အကောင်းဆုံး ကြိုးစားသွားမှာပါလို့ ဆိုပါတယ်။

"ပက်ပက်စက်စက်ညှို့" ရုပ်ရှင်ဇာတ်ကားကတော့ ဇန်နဝါရီ (၉)ရက်နေ့မှာ စတင်ရိုက်ကူးမှာ ဖြစ်ပြီး နေတိုး၊ ရွှေထူးနဲ့ မိုးစက်ဝိုင်တို့က အဓိက ပါဝင်ထားပါတယ်။ ဒီဇာတ်ကားကို ရန်ကုန်နဲ့ ပြင်ဦးလွင်မြို့တွေမှာ ဒါရိုက်တာသားညီက ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

play


မိုးစက်ဝိုင်ဟာ Miss Universe Myanmar 2013 ရဲ့ အလှမယ်တစ်ဦးဖြစ်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ Miss Universe စင်မြှင့်ထက်မှာ လျှောက်လှမ်းနိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ယခုအချိန်ထိ ပရဟိတအလုပ်တွေနဲ့ သူမတက်နိုင်သလောက် အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေပြီး သူမဝါသနာပါရာ အနုပညာအလုပ်တွေနဲ့လည်း ပရိသတ်တွေအတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : မိုးစက်ဝိုင်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ