Local Celebrity: တင်ဇာမော်ရဲ့ တစ်ကိုယ်တော်အခွေ

ဖေဖော်ဝါရီလထဲမှာ ထွက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

play

 

တစ်ကိုယ်တော်ဖျော်ဖြေပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော် တင်ဇာမော်ရဲ့ တစ်ကိုယ်တော်အခွေကတော့ မကြာခင် ထွက်လာတော့မှာ ဖြစ်ပါတယ်။ သူမရဲ့ တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်မှုများမှာ အားလုံးနီးပါး ပြီးသလောက်ရှိနေပြီ ဖြစ်ကာ ဖေဖော်ဝါရီ(၇)ရက်နေ့မှာ ဖြန့်ချိမယ်လို့ သိရပါတယ်။  တင်ဇာမော်ရဲ့ တစ်ကိုယ်တော်အခွေထဲမှာ စုစုပေါင်း သီချင်း (၁၀)ပုဒ်ပါဝင်မှာ ဖြစ်ပြီး သီဆိုနေကျ သီချင်းပုံစံမျိုးလေးတွေပဲ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

play

 

အခွေထဲမှာ ပါဝင်မယ့် သီချင်းတွေကို ရေးပေးထားတဲ့ သီချင်းရေးဆရာတွေက မြင့်မိုးအောင်၊ ရွှေဂျော်ဂျော်၊ မောင်မောင်ဇော်လတ်၊ မာတင်၊ ကောင်းဇော်(Melody World)၊ အောင်မြင့်၊ အယ်ဖြူတို့ကရေးသားပေးထားတာ အွန်လိုင်းမှာ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ "ဧည့်သည်"သီချင်းနဲ့ "ကိုယ့်မွေးနေ့"သီချင်းများကိုလည်း ပြန်လည်ထည့်သွင်းထားတယ်လို့ သိရပါတယ်။

play

 

တင်ဇာမော်ဟာ တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်နေသလို Myanmar Idol ပြိုင်ပွဲမှာလည်း ဒိုင်အဖြစ် ပါဝင်နေတာကြောင့် မြန်မာနိုင်ငံတွင် မေလအထိ နေထိုင်သွားမည်ဖြစ်တယ်လို့လည်း သိရပါတယ်။ သူမရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲများကိုလည်း ၂၀၁၇ခုနှစ် နှစ်လယ်ပိုင်လောက်မှာ လုပ်ဖို့အတွက် စဉ်းစားထားတယ်လို့ သိရပါတယ်။ ဇန်နဝါရီ (၂)ရက်နေ့က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ တင်ဇာမော်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဘားအံမြို့မှာ အိုင်းရင်းခရော့စ်အဖွဲ့နဲ့အတူ သွားရောက်ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။

Source : 7day Daily

Photo  : တင်ဇာမော်ဖေ့စ်ဘွတ်

တင်ဇာမော်ရဲ့ "ဧည့်သည်" သီချင်း
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ