Local Celebrity: ဒီနေ့ညမှာ ပြုလုပ်မယ့် အဆိုတော် စံလင်း ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲ

အခမဲ့ဖျော်ဖြေပွဲလုပ်မှာ ဖြစ်ပါတယ်။

စံလင်းရဲ့ "ကဗျာမမှီစာမပီ"

အဆိုတော်စံလင်းကတော့ ဂီတသက်တမ်း(၂၅)အတွင်းမှာ ပထမဆုံး  တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ရွှေထွဋ်တင်ဝင်းမှာ ပြုလုပ်မှာ ဖြစ်ပြီး အခမဲ့ရှိုး လုပ်သွားမှာ ဖြစ်ပါတယ်။ ဂီတသက်တမ်း ၂၅နှစ်ပြည့်မှာ ပြုလုပ်တဲ့ သူ့ရဲ့ ဖျော်ဖြေပွဲနာမည်ကို စံလင်းအနုပညာငွေရတုခရီးစဉ် လို့ ပေးထားပါတယ်။

play

 

သူ့ရဲ့ ပွဲမှာ ဂီတမောင်နှမတွေဖြစ်ကြတဲ့ ခိုင်ထူး၊ ဂျေမောင်မောင်၊ ကော်နီ၊ ချောစုခင်တို့လည်း ပါဝင်သီဆိုပေးမယ်လို့ သိရပါတယ်။ ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အခမဲ့ရှိုးအနေနဲ့ ပြုလုပ်ခြင်းဟာ ပရိသတ်တွေအားလုံး အေးအေးဆေးဆေးနဲ့ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် စီစဉ်တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ဒီနေ့ည(ဇန်နဝါရီ၈)ရက်နေ့ ည(၇)နာရီမှာ စတင်မှာ ဖြစ်ပြီး သီချင်းစုစုပေါင်း (၃၅)ပုဒ်ခန့်ဖျော်ဖြေမယ်လို့ သိရပါတယ်။ အဆိုတော် စံလင်းက တစ်ကိုယ်တော်အခွေဆယ်ခွေခန့် ထွက်ရှိထားပြီး ထွက်ရှိထားတဲ့ အခွေတွေထဲက သီချင်းများကို ရွေးချယ်သီဆိုသွားမယ်လို့ သိရပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ