Local Celebrity: "ဧပရယ်တစ်ရေးနိုး" ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေး

, updated

သင်္ကြန်ဇာတ်ကား ဖြစ်ပါတယ်။

play

 

ရွှေစန္ဒာမင်းရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေး က ထုတ်လုပ်ရိုက်ကူးမယ့် "ဧပရယ်တစ်ရေးနိုး" ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲကို ဇန်နဝါရီ(၈)ရက်နေ့ နံနက်က ရန်ကုန်မြို့ ဒေါပုံမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားကတော့ သင်္ကြန်အတွက် စတင်ရိုက်ကူးတဲ့ ဇာတ်ကားဖြစ်ပြီး အချစ်အလွမ်းရသတွေပါဝင်တဲ့ ဖန်စီဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။အဲ့ဒီဇာတ်ကားကို ဒီနေ့ဇန်နဝါရီ(၈) ရက်နေ့ ရက်ကုန်မှာ စတင်ရိုက်ကူးမှာ ဖြစ်ပါတယ်။

play

 

''သင်္ကြန်ကိုကြောက်တဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော် သွားမှာပါ။ဒီနှစ်အသုံးများနေတဲ့ Social Media တွေရဲ့ အကူအညီနဲ့ အချစ်အလွမ်းဖန်စီဇာတ်လေးကို သင်္ကြန်ပုံစံလေးနဲ့ ရောစပ်ဖန်တီးထားပါတယ်''ဟု ဒါရိုက်တာ ဇော်မြင့်ဦးက ပြောဆိုသည်။

အဲ့ဒီဇာတ်ကားလမ်းကို ဒါရိုက်တာ ဇော်မြင့်ဦးက ရိုက်ကူးမှာ ဖြစ်ပြီး သရုပ်ဆောင် ကောင်းပြည့်၊ ငွေမှုန်ရတီ၊ ငြိမ်းသူအောင်၊ စိုင်းအောင်တင့်၊ မင်းညိုအောင်၊ နန်းထိပ်ထားစံ၊ ရှင်မင်းဆက်နဲ့ အခြားသော သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ