Local Celebrity: ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ ဇာတ်ကားတွေ ရိုက်တော့မယ့် ပိုင်ဖြိုးသု

ထုတ်လုပ်ရေးနာမည်ကတော့ ဗစ်တိုးရီးယားလို့ ပေးထားပါတယ်။

play

 

ရုပ်ရှင်ဇာတ်ကားတွေ အပြင် ဗီဒီယိုဇာတ်ကားတွေလည်း ရိုက်ကူးနေတဲ့ ပိုင်ဖြိုးသုကတော့ မကြာခင်မှာ ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ ဇာတ်ကားတွေ ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ ရိုက်ကူးမယ့် ဇာတ်ကားကာတော့ ဗီဒီယိုကား ဖြစ်ပြီး ဖေဖော်ဝါရီလထဲမှာ ရိုက်မယ်လို့ သိရပါတယ်။

play

 

မိဘကထုတ်ပေးတဲ့ ပိုက်ဆံနဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးလေးကို တည်ထောင်ထားတာဖြစ်ပြီး နာမည်ကတော့ ဗစ်တိုးရီးယားဆိုပြီး ပေးထားတယ်လို့ သိရပါတယ်။ အဲ့ဒီထုတ်လုပ်ရေးကနေ သူမရိုက်ကူးချင်တဲ့ ကာရိုက်တာလေးတွေကို ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သူမအနေနဲ့ ရိုက်ကူးချင်တဲ့ ဇာတ်ကားလုပ်ချင်တဲ့ ကာရိုက်တာများနဲ့ ပရိသတ်တွေကို အသစ်ဖြစ်စေမယ့် ပုံရိပ်လေးတွေကို လုပ်ပြချင်တဲ့အတွက် ကိုယ်ပိုင်ထုတ်လုပ်ရေးလုပ်ပြီး ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။သူမရဲ့ ထုတ်လုပ်ရေးကနေ နောက်ပိုင်းမှာ အနုပညာပျိုးခင်းမှ ဆရာတွေ၊ ဒါရိုက်တာတွေနဲ့ အတူ ဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ထုတ်လုပ်ရေးနာမည်ကိုတော့ သူမရဲ့ အင်္ဂလိပ်နာမည်ဖြစ်တဲ့ ဗစ်တိုးရီးယားကို ပေးထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

play

 

ဖေဖော်ဝါရီလမှာ စရိုက်မယ့် ဇာတ်ကားကတော့ ဗီဒီယိုဇာတ်ကားဖြစ်ပြီး ဒါရိုက်တာဏကြီးရဲ့ ဇာတ်ညွှန်းနဲ့ ပွဲဦးထွက် စတင်ရိုက်ကူးမှာ ဖြစ်ပါတယ်။ပိုင်ဖြိုးသုဟာ ငယ်စဉ်ကတည်းက အနုပညာလောကနဲ့ ရင်းနှီးနေသူ တစ်ဦးဖြစ်ပြီး ဆေးကျောင်းတစ်ဖက်နဲ့ သရုပ်ဆောင်ဘက်ကို ကြိုးစားလာသူလည်း ဖြစ်ပါတယ်။ အနုပညာပျိုးခင်း(၂) ရဲ့ စင်တင်မင်းသမီး တစ်ဦးဖြစ်ခဲ့တဲ့ ပိုင်ဖြိုးသုက ယခုလိုဆိုရင် ပရိသတ်အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့ပါပြီ။

Source : 8days Journal

Photo  : ပိုင်ဖြိုးသု ဖေ့စ်ဘွတ်

ပိုင်ဖြိုးသု ပါဝင်ထားတဲ့ "အေဒင်ရဲ့နတ်သမီး" ရုပ်ရှင်
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ