Local Celebrity: ပရိသတ်များစွာ လာရောက်အားပေးခဲ့တဲ့ စန္ဒီမြင့်လွင်ရဲ့ ပရိုမိုးရှင်းပွဲ

ဒီနေ့ညနေကတော့ မန္တလေးမှာ ပြုလုပ်နေပါတယ်။

play

 

စန္ဒီမြင့်လွင်ရဲ့ "Queen" MTV ပရိုမိုးရှင်းပွဲကတော့ သူမရဲ့ ပရိသတ်တွေနဲ့ စည်ကားခဲ့ပါတယ်။ ပရိသတ်တွေများစွာ လာရောက်အားပေးခဲ့သလို အနုပညာရှင်များစွာလည်း လာရောက်ခဲ့ပါတယ်။ စန္ဒီမြင့်လွင်ရဲ့ "Queen"MTV အခွေပရိုမိုးရှင်းပွဲကို ဇန်နဝါရီ(၇)ရက်နေ့ညနေက Junction Square outdoor မှာ ကျင်းပခဲ့ပြီး သူမနဲ့အတူ အနုပညာရှင် များစွာက အမှတ်တရလက်မှတ်ရေးထိုးပေးကာ သီချင်းများနဲ့ ဖျော်ဖြေပေးခဲ့တယ်လို့ သိရပါတယ်။

play

 

ဒီနေ့မှာလည်း သူမအခွေရဲ့ ပရိုမိုးရှင်းပွဲကို မန္တလေးမြို့ Amazing Shopping Mall Mandalay မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မန္တလေးပရိသတ်များစွာ လာရောက်အားပေးခဲ့တယ်လို့ သိရပါတယ်။ အခွေပရိုးမိုးရှင်းပွဲမှာ MTV ထွက်ရှိခြင်းအမှတ်တရအနေနဲ့ Queen လိုဂိုပါ ခေါင်းစွပ်အကျီများကိုလည်း ရောင်းချခဲ့ပြီး ရောင်းရတဲ့အမြတ်ငွေများကို ပရဟိတအလှူပြုလုပ်သွားမှာ ဖြစ်ပါတယ်။ သူမရဲ့ အင်္ကျီတွေကို ငွေကျပ် တစ်သောင်းခွဲနဲ့ ရောင်းချပြီး ရရှိတဲ့ ပိုက်ဆံများကို HIV AIDS ဝေဒနာခံစားနေရတဲ့ ကလေးတွေနဲ့ မိဘမဲ့ ကျောင်းတွေကို လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

သူမရဲ့ စီးရီးထဲမှာ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ "Hollywood" MTV ကိုလည်း MODA Fashion Magazine နဲ့ အတူ ပူးပေါင်းပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲ့ဒီသီချင်းထဲမှာလည်း sexy ကျကျသရုပ်ဆောင်တဲ့ နေရာမှာ အောင်မြင် မှုတွေ ရရှိနေတဲ့ သင်ဇာဝင့်ကျော်နဲ့ အေးမြတ်သူတို့က စန္ဒီမြင့်လွင်နဲ့အတူ ပါဝင်အားဖြည့်ပေးထားတာလည်း တွေ့ရပါတယ်။ ဒါရိုက်တာ အာကာရဲ့ အမိုက်စားရိုက်ချက်တွေနှင့်အတူ MODA ရဲ့ Cover Issue အဖြစ်ပါပါဝင်လာတဲ့ သီချင်းရဲ့ MTV ကို ခံစားကြည့်ဖို့ Duwun ပရိတ်သတ်တွေကို ဖိတ်ခေါ်ပါတယ်။

Photo : စန္ဒီမြင့်လွင် ဖေ့စ်ဘွတ်၊ MODA Fashion Magazine

အလန်းစားသုံးယောက်ပါဝင်တဲ့ "Hollywood" MTV
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ