Local Celebrity: ရင်သွေးယူတော့မယ့် ရေဗက္ကာဝင်း

လက်ရှိမှာတော့ သီချင်းခွေစီစဉ်နေတယ်လို့ သိရပါတယ်။

play

 

အဆိုတော် ရေဗက္ကာဝင်းကတော့ လက်ရှိမှာ တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်နေသလို အတွဲခွေတွေမှာလည်း ပါဝင်သီဆိုဖို့ ရှိတယ်လို့ သိရပါတယ်။ ဂီတပိုင်းအနေနဲ့ ကချင်တေးစီးရီး၊ ဓမ္မတေးစီးရီးနဲ့ တစ်ကိုယ်တော်အခွေတွေ ပြုလုပ်တာ ဖြစ်ပါတယ်။

play

 

''ဗက္ကာ အခုတစ်ကိုယ်တော်ခွေကို ၂၀၁၇ နှစ်ဦးပိုင်းမှာ ထွက်နိုင်အောင် စီစဉ်နေတယ်။ ဒီခွေလေးမှာတော့ ဆိုနေ ကြ ပုံစံထက်၊ဂီတပုံစံနည်းနည်း ဆန်းသစ်ထားတယ်။ အချစ်သီချင်းအေးအေးလေးတွေ လည်းပါတယ်။ ပရိ သတ်နဲ့ ကင်းကွာသလိုဖြစ်နေပေမဲ့ ဂီတပိုင်းကိုတော့ လှုပ်ရှားဖြစ်ပါတယ်။ဒီတစ်ကိုယ်တော်ခွေ ထွက်ပြီးရင် လည်း ဘုရားသီချင်းခွေနဲ့ ကချင်ဘာသာစကားနဲ့ သီဆိုထားတဲ့ ကချင် သီချင်ခွေလေးထွက်ဖို့ စီစဉ်နေတယ်။ လူငယ်လေးတွေက နိုင်ငံခြားသီချင်းတွေ ကိုရီးယားသီချင်းတွေကို ဘာ သာစကားနား မလည်ပေမဲ့လည်း မြူးဇစ်ပုံစံ ဆန်းဆန်းလေးတွေကြောင့် သဘောကြပြီး မြန်မာလူငယ်လေးတွေ နားထောင်နေကြတာတွေ့ရတယ်။ ဒီလိုနဲ့စိတ်ကူးလေးရပြီး ကိုယ့်နိုင်ငံက တိုင်းရင်းသား သီချင်းလေးတွေ ကိုလည်း နားထောင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ စီစဉ်ဖြစ်တာပါ။ ကိုယ်နိုင်ငံထဲက တိုင်းရင်းသားတွေရဲ့ သီချင်း တွေကို လည်းနားထောင်စေချင်ပါတယ်''လို့ သူမက ဆိုပါတယ်။

play

 

သူမရဲ့ တစ်ကိုယ်တော်အခွေမှာတော့ ကိုယ်တိုင်ရေး သီချင်းများထည့်သွင်းထားတာ ဖြစ်ပြီး တေးရေးဆရာ ကိုနေ၊ ဆွေဟိန်း၊ သိန်းလင်းစိုး၊ R ခိုင်နဲ့ အားတီတို့က ရေးသားထားတာ ဖြစ်ပြီး သီချင်း (၁၀)ပုဒ်ပါဝင်တယ်လို့ သိရပါတယ်။ စီးရီးခွေပြင်ဆင်ပြီးရင်လည်း ရင်သွေးလေး ယူသွားမယ်လို့လည်း သိရပါတယ်။

Source : Popular News

ရေဗက္ကာဝင်းရဲ့ "အရင်လိုပဲ အရင်အတိုင်းပဲ"
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ