Local Celebrity: အိမ်ထောင်ပြုဖို့လိုပါသေးတယ်ဆိုတဲ့ ရွှေမှုန်ရတီ

ပရိသတ်တွေကို စလိုက်တာလို့ ဆိုပါတယ်။

play

 

ဆယ်ကျော်သက်ကောင်မလေး သရုပ်ဆောင် ရွှေမှုန်ရတီကတော့ အိမ်ထောင်ပြုဖို့ အဝေးကြီး လိုပါသေးတယ်လို့ ဆိုလိုက်ပါတယ်။ သူမက ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို အိမ်ထောင်ပြုဖို့နဲ့ ပတ်သက်ပြီး ပြောခဲ့တာကလည်း ပရိသတ်တွေကို စလိုက်တာ ဖြစ်တယ်လို့ ပြန်လည်ပြောပြထားပါတယ်။ပရိသတ်တွေနဲ့ သူမကြားထဲမှာ ရှိတဲ့ ရင်းနှီးမှုလေး တစ်ခုကို သိချင်လို့ အဲဒီလို စလိုက်တာ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။

play

 

ချစ်သူရှိနေပြီ ဖြစ်တဲ့ သူမက အခုလက်ရှိအချိန်မှာလည်း သူတစ်ယောက်တည်းပါပဲလို့ ပြောပါတယ်။ ချစ်သူက အနုပညာလောကထဲက မဟုတ်ဘူးလို့လည်း သိရပါတယ်။ သူမရဲ့ ချစ်သူက နားလည်မှုရှိတဲ့ ယောက်ျားတစ်ယောက်ဖြစ်ပြီး ယောက်ျားဆန်တဲ့ သူတစ်ယောက်ဖြစ်တယ်လို့လည်း သူမက ပေါ်ပြူလာဂျာနယ်မှာ ပြောပြထားပါတယ်။

play

 

ရွှေမှုန်ရတီဟာ အခုနောက်ပိုင်းမှာ ခန္ဓာကိုယ်အသားပေးတဲ့ ဓာတ်ပုံတွေ တော်တော်များများ ရိုက်ကူးလာတာကိုလည်း တွေ့ရပါတယ်။ အရင်ကထက် လှပလာတဲ့ ရွှေမှုန်ရတီရဲ့ ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။  ရွှေမှုန်ရတီဟာ ဘန်ကောက်မှာ ဆေးခန်းရက်ရှည်ပြသရမှာ ဖြစ်တဲ့အတွက် မတ်လမှာ ကျင်းပမယ့် အကယ်ဒမီပေးပွဲကိုတော့ တက်ရောက်နိုင်မှာ မဟုတ်ကြောင်း ပြောပြခဲ့ပါတယ်။

Source : Popular news

Photo  : ရွှေမှုန်ရတီဖေ့စ်ဘွတ်

ရွှေမှုန်ရဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး ပရိတ်တွေ ဘယ်လိုမြင်ပါသလဲ?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ