Local Celebrity: ရောင်းအားအကောင်းဆုံး တေးသံရှင်ဆုရရှိခဲ့တဲ့ သန်းဖေလေး

ကွယ်လွန်ပြီးမှ ရရှိခဲ့တဲ့ ဆုဖြစ်ပါတယ်။

play

 

City FM ရဲ့ (၁၅)နှစ်ပြည့် အထိမ်းအမှတ်နှစ်ပတ်လည်အခမ်းအနား ဆုပေးပွဲမှာ အဆိုတော် သန်းဖေလေးကတော့ "လေရူးမလေးမိမိမော်မှ မခင်နှင်းဆီသို့ တမ်းချင်း " စီးရီးနဲ့ ဆုရရှိခဲ့ပါတယ်။  မြန်မာသံစဉ်တွင် အမျိုးသား တေးသံရှင်ဆုကို သန်းဖေလေးက ရရှိခဲ့တာ ဖြစ်ပြီး ကွယ်လွန်ပြီးမှ ရောင်းအားအကောင်းဆုံး တေးသံရှင်ဆုကို ချီးမြှင့်ခံရတာလည်း ဖြစ်ပါတယ်။

play

 

City FM ရဲ့ (၁၅)နှစ်ပြည့် အထိမ်းအမှတ်နှစ်ပတ်လည်အခမ်းအနား ဆုပေးပွဲမှာ ရာင်းအား အကောင်းဆုံး တေးစီးရီးများအ ဖြစ် မြန်မာသံစဉ်တွင် အမျိုးသား တေးသံရှင်ဆုကို သန်းဖေလေး၊ အမျိုးသမီးတေးသံရှင်ဆုကို ဝင်း လဲ့ချယ်ရီနှင့် ထုတ်လုပ်သူဆုကို အဆိုတော် သန်းဖေလေး၏ ‘လေ ရူးမလေး မိမိမော်မှ မခင်နှင်းဆီသို့ တမ်းချင်း’တေးစီးရီး ထုတ်လုပ်သူ နုနုရီတေးထုတ်လုပ်ရေးက ဆုရရှိ ခဲ့သလို စတီရီယိုတွင် အမျိုးသား တေးသံရှင်ဆုကို ရွှေထူးနှင့် အမျိုးသမီးတေးသံရှင်ဆုကို မိစန္ဒီတို့က ရရှိခဲ့ပြီး ထုတ်လုပ်သူဆုကို ရွှေ ထူး၏ ‘စိတ်ကူးယဉ်စာအုပ်’ တေးစီးရီးထုတ်လုပ်သူ ပြုံးထုတ်လုပ် ရေးက ရရှိခဲ့ပါတယ်။ဒါ့အပြင် နှစ်စဉ်ချီးမြှင့်တဲ့ ရေပန်းအစားဆုံး ပရိသတ်တောင်းဆိုမှု အများဆုံး တေးသံရှင်ဆုများကို ဝေလနဲ့ နီနီခင်ဇော်တို့က ရရှိခဲ့ပါတယ်။

အဆိုတော် သန်းဖေလေးရရှိခဲ့တဲ့အခွေဟာ ၂၀၁၆ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ အခွေမှာ ရရှိခဲ့တာ ဖြစ်ပြီး အကျိုးအမြတ်များကို ပြွှန်တန်ဆာမြို့ရှိ ဆောက်လုပ်ဆဲ စက္ကုဒါနဆေးရုံသို့ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။အဆိုတော် သန်းဖေလေးဟာ မြန်မာသံစဉ်ပိုင်းတွင် ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ အဆိုတော် တစ်ဦး ဖြစ်ကာ အဆိုတော် သန်းဖေလေးကွယ်လွန်ခဲ့သည်မှာ (၁၆)နှစ်ခန့်ရှိပြီ ဖြစ်ပါတယ်။

Source & Photo : 7day Daily

သန်းဖေလေးသီဆိုထားတဲ့ "ဂီတဗိမ္မာန်"
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ