Local Celebrity: ကာရိုက်တာဆန်းဆန်းနဲ့ တွေ့ရမယ့် အောင်မင်းခန့်

ဖေဖော်ဝါရီလမှာ ပြမယ့် ဇာတ်လမ်းတွဲထဲမှာ ဖြစ်ပါတယ်။

play

 

ပရိသတ်တွေကတော့ အောင်မင်းခန့်ကို ကာရိုက်တာ ဆန်းဆန်းနဲ့ တွေ့ရတော့မှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ ထုတ်လွှင့်ပြသမယ့် "ရတနာထဲမှရတနာ" ရုပ်သံဇာတ်လမ်းတွဲမှာ အောင်မင်းခန့်အနေနဲ့ အရင်က ကာရိုက်တာများနဲ့မတူပဲ ပရိသတ်တွေသဘောကျစေမယ့် ပုံစံမျိုး ဖြစ်လိမ့်မယ်လို့ ပြောပြထားပါတယ်။ "ရတနာထဲမှရတနာ" ရုပ်သံဇာတ်လမ်းတွဲမှာ အောင်မင်းခန့်က ကောင်းမြတ်စံ၊ မြတ်သူသူဇင်နဲ့ စိုပြေမြင့်တို့နဲကအတူ ပါဝင်သရုပ်ဆောင်ထားပြိး MRTV-4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲထဲမှာ အောင်မင်းခန့်ကက နဂါးအဖြစ်ပါဝင်ထားတယ်လို့ ဆိုပါတယ်။

play

 

‘‘ဒီကားထဲမှာ ကျွန်တော်က နဂါး၊ ကောင်းမြတ်စံက ဂဠုန်၊ ဂဠုန်နဲ့ နဂါးဆိုတော့ ထုံးစံအတိုင်း မတည့်ဘူး။ သူနဲ့ ကျွန်တော်နဲ့က ဟိုးရာဇဝင်ထဲက ဖိုက်တဲ့သူတွေ ပေါ့။ သူက နဂါးမကို ဂဠုန်က ကြိုက်ချင်ယောင်ဆောင်ပြီး ကျွန်တော့် ကို တိုက်ခိုက်တာမျိုးပေါ့။ အဲဒီကနေစပြီး လူ့ဘဝ ဒီခေတ် ဒီအခါရောက်လာတဲ့အချိန်ထိ သူ နဲ့ ကျွန်တော် ကံဆုံပြီး ပြိုင်ဖြစ်နေ တဲ့ ဇာတ်လမ်းလေးကို ထိုင်းနိုင်ငံ က ဒါရိုက်တာက ရိုက်ကူးပေးထား တာပါ။ အရင်ဇာတ်လမ်းတွေနဲ့ မတူတော့ ပရိသတ်လည်း ကြိုက် မယ် မျှော်လင့်တယ်’’လို့ သူက ဆိုပါတယ်။

play

 

ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်ရင်ထဲ နေရာတစ်နေရာ ရရှိခဲ့တဲ့ အောင်မင်းခန့်က ဒီဇာတ်လမ်းတွဲဟာ သူ့အတွက် လေးကားမြောက် ရုပ်သံဇာတ်လမ်းတွဲ တစ်ခုဖြစ်ပြီး ဒီကားမှကော ပရိသတ်တွေရဲ့ အားပေးမှု ဘယ်လိုရှိမဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အောင်မင်းခန့် ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတွေကတော့ "ထာဝရမန္တလေး"၊ "ဝင်္ကပါစံအိမ်"၊ "ဝိညာဉ်ရှိုက်သံ" စတဲ့ဇာတ်လမ်းတွဲတွေ ဖြစ်ပါတယ်။

Source : 7day Daily

Photo  : အောင်မင်းခန့် ဖေ့စ်ဘွတ်

ထာဝရမန္တလေး ဇာတ်လမ်းတွဲ
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ