Local Celebrity: "သမက်တော်ကွက်ကျော်"နဲ့ "ယောက်ျားဆိုလာထား" ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေး

ဇန်နဝါရီလမှာ စတင်ရိုက်ကူးမှာ ဖြစ်ပါတယ်။

play

 

ရွှေပင်ဆင့်ရုပ်ရှင်နဲ့ဗီဒီယိုထုတ်လုပ်ရေးရဲ့ ပထမဦးပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ "သမက်တော်ကွက်ကျော်" နဲ့ "ယောကျာ်းဆိုလာထား" ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲကို အခမ်းအနားကို ဇန်နဝါရီ(၁၀)ရက်နေ့က ကန်တော့ပွဲပေးအခမ်းအနားပြုလုပ်ခဲ့ပါတယ်။

"ဒီဇာတ်ကားနှစ်ကားက ရွှေပင်ဆင့်ရဲ့ ပွဲဦးထွက်ဇာတ်ကားတွေပါ။ဒီဇာတ်ကားနှစ်ကားကို ကျွန်မ တို့ရဲ့ အကိုကြီး ဇာတ်လမ်း၊ဇာတ်ညွှန်း ကိုဒီရေလိုင်း၊ နောက်ပြီးတော့ ကျွန်မတို့ရဲ့ ဒါရိုက်တာကြီး ကိုရာဇ၀င်ကိုနဲ့ ကျွန်မတို့ရဲ့ အနုပညာမောင်နှမများ အားလုံးကို ၀ကွက်အပ်လိုက်ပါပြီ။အကောင်းဆုံး ထုဆစ် ပုံဖော်ပေးမယ် လို့ ထင်ပါတယ် " လို့ ရွှေပင်ဆင့် ထုတ်လုပ်ရေးက စီစဉ်သူ မသင်းကပြောပါတယ်။

play

 

အဲ့ဒီဇာတ်ကားနှစ်ကားစလုံးကတော့ ပရိသတ်တွေအတွက် ဖျော်ဖြေရေးသက်သက်ရိုက်ကူးတဲ့ ဇာတ်ကားဖြစ်ပြီး "သမက်တော်ကွက်ကျော်" ရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း ဒီရေလှိုင်းက ရေးသားပေးတာ ဖြစ်ပြီး ဒါရိုက်တာ ရာဇဝင်ကိုက ရိုက်ကူးပုံဖော်မှာ ဖြစ်ကာ သရုပ်ဆောင်များအနေနဲ့ ရဲအောင်၊ ခန့်စည်သူ ၊ သူရိယ၊ ဝီလျှံ၊ ဒိန်းဒေါင်း၊ စိုးမြတ်သူဇာ၊ သွန်းဆက်၊ နန်းခင်ဇေယျာ၊ စိုးနန္ဒာကျော်၊ မျိုးမျိုးခိုင်နဲ့ ဟာသသရုပ်ဆောင်များစွာပါဝင်ထားသလို ယောက်ျားဆို လာထား ရုပ်ရှင်ဇာတ်ကားကိုတော့ ဇာတ်လမ်း၊ဇာတ်ညွှန်း ဒီရေလှိုင်း နှင့်  မြေထက်လူ တို့က ရေးသားပြီး ဒါရိုက်တာ မောင်မောင်မြင့်လွင် (ဓာတ်ပုံ) ကရိုက်ကူးပုံဖော်မှာ ဖြစ်ကာ မတ်လအတွင်း ရိုက်ကူးသွားမှာ ဖြစပါတယ်။ အဲ့ဒီဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆာင်တွေကတော့ ခန့်စည်သူ၊ ရာဇာနေ၀င်း ၊ ကျော်ကျော်ဗို ၊ နေရဲ ၊ဗေလုဝ ၊စိုးမြတ်သူဇာ ၊ခိုင်သင်းကြည် ၊တက္ကသိုလ်ဂွမ်းပုံ နှင့် ဟာသသရုပ်ဆောင်များစွာ တို့က ပါဝင်အားဖြည့်သွားကြမှာ ဖြစ်ပါတယ်။

ပရိသတ်တွေက ဘယ်လိုဇာတ်လမ်းမျိုးဆို ကြိုက်လဲ?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ