Local Celebrity: ချစ်သူနဲ့အတူ တွဲရိုက်ထားတဲ့ ခင်ဇာခြည်ကျော်ရဲ့ ဓာတ်ပုံများ

ယခုလက်ရှိ နယူးယောက်ကို ရောက်နေတယ်လို့ သိရပါတယ်။

play

 

သရုပ်ဆောင် ခင်ဇာခြည်ကျော်က ယခုလက်ရှိမှာ နယူးယောက်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ နယူးယောက်မြို့ကို ဒီဇင်ဘာ (၂၉)ရက်နေ့ကတည်းက ရောက်ရှိနေတဲ့ သူမက ချစ်သူနဲ့လည်း လျှောက်လည်နေတယ်လို့ သိရပါတယ်။

play

 

သူမချစ်သူနဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း ဖေ့စ်ဘွတ်ပေါ်မှာ တင်ထားတာ တွေ့ရပါတယ်။ အရင်ကတည်းက စုံတွဲဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး ခင်ဇာခြည်ကျော်က ပရိသတ်တွေကို  ပွင့်ပွင့်လင်းလင်း ပြောပြထားဖူးပါတယ်။ အချစ်ရေးနဲ့ ပတ်သက်လို့ အေးချမ်းနေတဲ့ သူမက အိမ်ထောင်ပြုကတော့ လိုသေးတယ်လို့ သိရပါတယ်။ သူမချစ်သူနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေကတော့ ပရိသတ်တွေအတွက် ကြည်နူးစရာကောင်းစေမှာ အမှန်ပါဘဲ။

play

 

လောလောဆယ်မှာတော့ သရုပ်ဆောင် ခင်ဇာခြည်ကျော်က ခရီးတွေ သွားဖြစ်နေပြီး မတ်လလောက်မှာ ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ ဇာတ်ကားတွေ ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ထုတ်လုပ်ရေးနာမည်ကတော့ "ကြယ်တံခွန်" ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်ပြီး အဲဒီထုတ်လုပ်ရေးနဲ့ "ငါသူတစ်ပါး၊ယောက်ျားမိန်းမ"ဇာတ်ကားလို ကားကြီး တစ်ကား ရိုက်ချင်တယ်လို့ သူမက ဆိုပါတယ်။ သူမထုတ်လုပ်ရိုက်ကူးမယ့် ဇာတ်ကားတွေကို လောလော ဆယ်မှာ A Group တွင် မတင်နိုင်သေးတာကြောင့် ဇာတ်ကား ကောင်းကောင်းလေး ရိုက်ပြီး B Group မှာ ရုံတင်ဖို့ စဉ်းစားထား တယ်လို့ ဆိုပါတယ်။ဇာတ်ကားရိုက်ကူးရာမှာလည်း သူမအနေနဲ့ ဇာတ်ရုပ်မတွေးပဲ လုပ်ဆောင်ချက်ရှိမယ်ဆိုရင် အကုန်လုံးကို ရိုက်ကူး တယ်လို့ သူမက ဆိုပါတယ်။

Photo : ခင်ဇာခြည်ကျော် ဖေ့စ်ဘွတ်

ခင်ဇာခြည်ကျော်ရဲ့ အချစ်ရေးအင်တာဗျူး
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ