AD
AD
AD
play

 

ကျရာကာရိုက်တာကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်သလို ပရိသတ်အားပေးမှု ရရှိနေဆဲ အကယ်ဒမီ စိုးမြတ်သူဇာကတော့ ယခုအချိန်ထိ ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျသေးပါဘူးလို့ ဆိုပါတယ်။ ၂၀၁၇နှစ်သစ်မှာလဲ ၂၀၁၆လိုမဖြစ်အောင် ကြိုးစားသွားမယ်လို့လည်း သူမက ပြောပါသေးတယ်။

play

 

နှစ်သစ်မှာလည်း ပရိသတ်တွေအတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမှာ ဖြစ်သလို ထူးထူးခြားခြား ကာရိုက်တာလေးတွေ ဇာတ်လမ်းလေးတွေကိုလည်း ပရိသတ်တွေကို တင်ဆက်ပြသနိုင်အောင် ကြိုးစားသွားချင်တယ်လို့ ဆိုပါတယ်။ ကိုယ့်စီရောက်လာတဲ့ ဇာတ်လမ်းတွေ အသက်အရွယ်နဲ့ လိုက်ဖက်မယ့် ဇာတ်လမ်းမျိုးတွေကို သေချာရွေးချယ်သွားပြီး အတတ်နိုင်ဆုံး ပရိသတ်တွေကို အပြောင်းအလဲလေး ဖြစ်အောင် တင်ဆက်သွားချင်တယ်လို့ သူမက myanmar Celebrity အင်တာဗျူးမှာ ဖြေဆိုပေးထားပါတယ်။

play

 

ယခုလက်ရှိမှာတော့ "သမက်ကွက်ကျော်" ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ဖို့ ရှိပြီး သူမနဲ့အတူ  ရဲအောင်၊ ခန့်စည်သူ ၊ သူရိယ၊ ဝီလျှံ၊ ဒိန်းဒေါင်း၊  သွန်းဆက်၊ နန်းခင်ဇေယျာတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

Source : Myanmar Celebrity

Photo  : စိုးမြတ်သူဇာ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD