Local Celebrity: ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေတဲ့ ကြက်ဖ

ဂီတဘက်ကတော့ ပရိသတ်တွေနဲ့ အဆက်အသွယ်နည်းနည်းပြတ်နေပါတယ်။

play

 

ဂီတလောကကို မဝင်ခင်ကတည်းက သရုပ်ဆောင်လုပ်ခဲ့တဲ့ ကြက်ဖကတော့ လက်ရှိမှာ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေတယ်လို့ သိရပါတယ်။ကြက်ဖကတော့ လက်ရှိမှာ "အိမ်ကြက်" ဇာတ်ကားမှာ ပါဝင်ရိုက်ကူးနေပြီး နေတယ်လို့ သိရပါတယ်။ ဟစ်ဟော့ပ်လောကရဲ့ ဒုတိယမျိုးဆက်မှာ ပါဝင်ခဲ့သူ ကြက်ဖကတော့ ဂီတနဲ့ ပတ်သက်ပြီးတော့လည်း သီချင်း အသစ်တွေ ဖန်တီးနေတယ်လို့ သိရပါတယ်။ ပရိသတ်တွေကို တင်ဆက်ဖို့အတွက်ကိုလည်း အချိန်ယူနေတယ်လို့ သိရပါတယ်။

play

 

ကြက်ဖနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ဂုဏ်ယူစရာ တစ်ခုရှိလို့နေပါတယ်။ အဲ့ဒါကတော့ သူမူးယစ်ဆေးဝါးပြတ်သွားပြီ ဆိုတာ ဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကိုလည်း 7day Daily မှာ ယခုလို ဖြေဆိုထားပါတယ်။

"မူးယစ်ဆေးဝါးဖြတ်ဖို့ ကြိုးစားခဲ့ရတာကတော့ ငါးပါးသီလဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ စဖြစ်ခဲ့တာကတော့ ၂၀၀၇ ဝန်းကျင်လောက်မှာ စပြီးငြိတွယ်ခဲ့တယ်။ ကြိုးစားဖြစ် ခဲ့တာကတော့ ၂၀၁၆ ထဲမှာမှစပြီး ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချပြီး နှစ်စလောက်ကတည်းက ကြိုးစားလာတာ။ New Year တွေ New Yearတွေရောက်တိုင်း ဒီနှစ်တော့ ငါကြိုးစားမယ်ကွာနဲ့ နှစ်တွေများလာခဲ့ တာ။ ၂၀၁၆ မှာလည်း အဲဒီလိုပဲ။နှစ်စကတည်းကလုပ်မယ်ကွာဆို ပြီး လုပ်ခဲ့ပေမယ့် မရခဲ့ဘူး။ သီတင်းကျွတ်လပြည့်ညမှာ ထူးထူးဆန်းဆန်း အဲဒါကိုယတိပြတ် ပြတ်သွားနိုင်ခဲ့တယ်။" လို့ သူက ပြောပြခဲ့ပါတယ်။

play

 

အွန်လိုင်းမှာ တင်ထားတဲ့ "ကြက်ဖ" ရဲ့" စကား" ဆိုတဲ့ သီချင်းကလည်း ပရိသတ်တွေ အကြိုက်တွေ့ခဲ့သလို ကြက်ဖရဲ့ သီချင်းသစ်တွေကိုလည်း ပရိသတ်များက မျှော်လင့်နေကြပါတယ်။ ပရိသတ်တွေမျှော်လင့်နေသလိုပဲ ကြက်ဖကိုယ်တိုင်လည်း အမိုက်စားသီချင်းတွေ နားထောင်နိုင်အောင် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Source : 7day Daily

Photo  : ကြက်ဖ ဖေ့စ်ဘွတ်

ကြက်ဖရဲ့ "စကား"
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ