Local Celebrity: တစ်ရက်တာ ယောဂီဝတ်ခဲ့တဲ့ နေဒွေး

ရှုတင်နားရက်မို့ ဝတ်လိုက်တာလို့ သိရပါတယ်။

play

 

သရုပ်ဆောင် နေဒွေးကတော့ ဇန်နဝါရီ(၁၁)ရက်နေ့ တစ်ရက်တာကို ယောဂီဝတ်ရင်းနဲ့ ဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။ ရှုတင်နားတဲ့ ရက်ဖြစ်တာကြောင့် တစ်ရက်တာ ယောဂီဝတ်ဖြစ်တာလို့ သူရဲ့ ပရိသတ်တွေကို ပြောပြာထားပါတယ်။ ပြီးတော့လည်း ယောဂီဝတ်တဲ့ ရွှေပါရဂူကျောင်းတိုက်တွင် ပရိသတ်တွေပေးတဲ့ အနုပညာကြေးများနဲ့ သံဃာတော်များအတွက် နေ့ဆွမ်းနဲ့ လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play

 

"ရှုတင်ကမထင်မှတ်ဘဲ ၁ရက်ပျက်သွားတဲ့အချိန်ယောဂီဝတ်,တရားအားထုတ်,အင်တာနက်ကနေတရားခွေတေDownload ဆွဲ နဲ့အေးချမ်းလိုက်တာ" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားပါတယ်။ ယောဂီဝတ်တရားအားထုတ်သလို ကျောင်းတွင်းသန့်ရှင်းရေးများနဲ့ သစ်ပင်စိုက်ပျိုးခြင်းများကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

play

 

နေဒွေးဟာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ကာ သူပါဝင်ထားတဲ့ "ခိုးဆိုးလုနှိုက်" ရုပ်ရှင်ဇာတ်ကားဟာလည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာ ဗီဒီယို ဇာတ်ကားတွေ ရိုက်ဖြစ်နေသလို ရုပ်ရှင်ဇာတ်ကားတွေကိုလည်း လက်ခံရိုက်ကူးဖြစ်နေတာကို တွေ့ရပါတယ်။

Photo : နေဒွေး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ