Local Celebrity: အခွန်ထမ်းဆောင်ဖို့ ကျန်တဲ့ ရုပ်ရှင်လောကသားများ အစည်းအရုံးတွင် မေးမြန်းဆောင်ရွက်နိုင်

မတ်လ(၂၉)ရက်နေ့ (၃၀)မှာ လုပ်ပေးမှာပါ။

အခွန်ထမ်းဆောင်ဖို့ ကျန်ရှိနေတဲ့ ရုပ်ရှင်လောကသားများအနေနဲ့ ပြည်တွင်းအခွန်များဦးစီးဌာနက တာဝန်ရှိသူတွေက ရုပ်ရှင်အစည်းအရုံးမှာ လာရောက်ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။ ပြည်တွင်းအခွန်များဦးစီးဌာနက တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ မတ်လ(၂၉)ရက်နေ့ (၃၀)ရက်တို့မှာ လာရောက် ဆောင်ရွက်ပေးမှာ ဖြစ်တဲ့အတွက် ရုပ်ရှင်သမားများ ဘယ်သူဖြစ်ဖြစ် လာလုပ်လို့ ရတယ်လို့ အစည်းအရုံး ဒုတိယဥက္ကဌ ဦးအေးကြူလေးက ပြောထားပါတယ်။

play

 

အခွန်ထမ်းဆောင်ဖို့ ကျန်ရှိနေတဲ့ အနုပညာရှင်များအနေနဲ့ မှတ်ပုံတင် မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊  စရိတ်နဲ့ ပတ်သက်တဲ့ အထောက်အထားများ ၊ ဝင်ငွေနဲ့စပ်လျဉ်းတဲ့ အထောက်အာထားများနဲ့ အခြားတင်ပြလိုတဲ့ အထောက်အထားများ ယူဆောင်လာဖို့ လိုအပ်တယ်လို့လည်း ကြေညာထားပါတယ်။

ပြည်တွင်းအခွန်များဦးစီး ဌာနက ၂၀၁၆-၁၇ အတွက် အခွန်ဆောင်ထားတဲ့ အနုပညာရှင် ၁၉ ဦးစာရင်းကို ဖေ ဖော်ဝါရီ ၂၈ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ကြေညာခဲ့ပါတယ်။ ယခု ဘဏ္ဍာနှစ်အတွက် အခွန် ထမ်းဆောင်ဖို့ ကျန်ရှိနေတဲ့ အနုပညာရှင်များအနေနဲ့  သက် ဆိုင်ရာ မြို့နယ် အခွန်ဦးစီးဌာန မှူးရုံးများသို့ ဆက်သွယ်၍ လာ မည့်ဘဏ္ဍာနှစ်မတိုင်မီ အခွန် ထမ်းဆောင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ