Local Celebrity: ဘန်နီဖြိုး သင်္ကြန်မှာ ဘာလုပ်ဖြစ်မလဲ

ဂီတလှုပ်ရှားမှုတွေလည်း အများကြီး ရှိလို့နေပါတယ်။

ဘန်နီဖြိုးကတော့ လက်ရှိမှာ သူ့ရဲ့ Lucky  MTV ရိုက်ကူးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ ဧပြီ(၁၀)ရက်နေ့မှာ ပြုလုပ်မယ့် စိုင်းစိုင်းရဲ့ မွေးနေ့ ရှိုးမှာလည်း ပါဝင်ဖျော်ဖြေသွားဖို့ ရှိပါသေးတယ်။

အနုပညာအလုပ်တွေ ဆက်တိုက် လုပ်နေတဲ့ ဘန်နီဖြိုးကတော့ သူ့ရဲ့ Brand တစ်ခုဖြစ်တဲ့ Karrot အတွက်လည်း ပိုပြီး အချိန်ပေးလုပ်ဖြစ် နေတယ်လို့ သိရပါတယ်။

play

 

ဘန်နီဖြိုးတစ်ယောက် သင်္ကြန်မှာ ဘာလုပ်ဖြစ်မလဲလို့ မေးကြည့်တော့" ဒီနှစ်သင်္ကြန်ကတော့ စိုင်းစိုင်းလည်း မဏ္ဍပ် မထိုးဖြစ်ဘူးဆိုတော့ ဘယ်လိုလုပ်မလဲဆိုတာကို သူငယ်ချင်းတွေ တိုင်ပင်နေပါတယ်။ သူများရဲ့ မဏ္ဍပ်တို့၊ သူများပွဲတို့မှာဘဲ ပွဲခံမလား၊ ပျော်မလား၊ ပါးမလား ဆိုတာ တိုင်ပင်နေတုန်း"လို့ ဘန်နီဖြိုးက ဆိုပါတယ်။

play

 

ဂီတလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဖြစ်နေတဲ့ ဘန်နီဖြိုးကတော့ သူရဲ့ Lucky MTV ကို မွေးနေ့အမီ ထွက်နိုင်အောင် ကြိုးစားသွားချင်ပေမယ့် မှန်းထားသလို ဖြစ်မလာမှာစိုးတဲ့အတွက် ဘယ်တော့ထွက်မလဲဆိုတာကို အတိအကျ မပြောပြခဲ့ပါဘူး။

နောက်ထပ် လှုပ်ရှားမှုတွေအနေနဲ့လည်း Frenzo Toure နဲ့အတူ ဖျော်ဖြေပွဲတွေမှာ ဆက်တိုက်သီဆိုသွားဖို့ ရှိတယ်လို့ သူက ဆိုပါတယ်။ ဂီတလှုပ်ရှားမှုတွေနဲ့ အလုပ်ရှုပ်နေတဲ့ ဘန်နီဖြိုးကတော့ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ရိုက်ကူးရေးမရှိသေးဘူးလို့လည်း ဆိုပါတယ်။

Photo : ဘန်နီဖြိုးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ