Local Celebrity: သင်္ကြန် ဘားအံမှာရှိမယ့် အိမ့်ချစ်

ချစ်သူမြိုင် မဏ္ဍာပ်မှာရှိမယ်လို့ ဆိုပါတယ်။

play

 

အဆိုတော် အိမ့်ချစ်ကတော့ ဒီနှစ်သင်္ကြန် ဘားအံမှာ ရှိမယ်လို့ ဆိုပါတယ်။ သင်္ကြန်ရောက်တိုင်း ပျော်ရွှင်သလို လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် သင်္ကြန်ကို နှစ်သက်တယ်လို့ ဆိုလာသူအိမ့်ချစ်က ဘားအံချစ်သူမြိုင် မဏ္ဍာပ်မှာ သီချင်းဆိုရင်း ဖြတ်သန်းသွားမယ်လို့ ဆိုပါတယ်။

 ဒါကြောင့် ဘားအံမှာ ရှိတဲ့ပရိသတ်တွေအားလုံးကိုလည်း သင်္ကြန်မှာ အတူတူကဲဖို့ သူမက ဖိတ်ခေါ်ထားပါတယ်။ ဘားအံမှာ သင်္ကြန်ကျတာတော့ ဒီနှစ်က ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။ အဲ့အတွက်လည်း ရင်ခုန်စိတ်လှုပ် ရှားမိတယ်လို့ သူမက Posh Magazine မှာ ဖြေဆိုပေးထားပါတယ်။

play

 

မကြာခင်ကျရောက်တော့မယ့် သင်္ကြန်မှာ ပရိသတ်တွေအားလုံး နှစ်သစ်မှာ စိတ်၏ကျန်းမာခြင်း ကိုယ်၏ကျန်းမာခြင်း တွေနဲ့ပြည့်စုံစေဖို့ကိုလည်း သူမက ဆုတောင်းပေးထားပါတယ်။ အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့ မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော်ဖြေလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေးပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်းခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။

Source : Posh Magazine

Photo  : အိမ့်ချစ်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ