Local Celebrity: အရေးပေါ်သွေးလိုအပ်နေတဲ့ ကလေးအတွက် ကူညီခဲ့တဲ့ မေပန်းချီ

ဟယ်လ်ပင်ကလေးဆေးရုံသို့ သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

play

 

သရုပ်ဆောင်မေပန်းချီကတော့ အရေးပေါ်သွေးလိုအပ်နေတဲ့ ကလေးငယ်အတွက် သွေးသွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သူမသွေးသွားရောက်လှူဒါန်းဖြစ်တဲ့ ကလေးငယ်ဟာ လူကီးမီးယားရောဂါ ဖြစ်နေပြီး ကျောက်ကပ်လဲ ဖြစ်နေတယ်လို့ သူမက ဆိုပါတယ်။

မိဘတွေက ဆင်းရဲပြီး မရှိနွမ်းပါးသူများဖြစ်တာကြောင့် သူမရဲ့ ပရိသတ်တွေလည်း သွားရောက် လှူဒါန်းနိုင်အောင် သူမရဲ့ဖေ့စ်ဘွတ်မှာ ယခုလို တိုက်တွန်းထားပါသေးတယ်။

play

 

"ကလေးတစ်ယောက်အရေးပေါ်သွေးလိုအပ်နေတယ်ဆိုလို့ ကလေးဆေးရုံကြီးကို အမြန်ပြေးလာပြီး လာရောက် လှုဒါန်းခဲ့ပါသည်။ ကလေးရဲ့ရောဂါက လူကီးမီးယားလိုဖြစ်နေပြီး ကျောက်ကပ်လဲဖြစ်နေတယ်။ မိဘတွေက ပဲခူးတိုင်း လက်ပံတန်းကနေ တစ်နာရီလောက် သွားရတဲ့ ရွာကပါ။ မိဘတွေက ဆင်းရဲပြီး မရှိနွမ်းပါးသူများဖြစ်ပါတယ်။ အုတ်ကွင်းမှာ အလုပ်လုပ်တယ်လို့ ပြောပါတယ်။ ပန်းချီလဲတက်နိင်သလောက်လှုဒါန်းခဲ့ပါတယ်။ ပါဝင်လှူဒါန်းချင် သူများလဲဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင်" လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

ကလေးလေးကတော့ ရန်ကုန် ဟယ်လ်ပင် ကလေးဆေးရုံမှာ ဆေးကုသမှု ခံယူနေတာ ဖြစ်ပါတယ်။ မေးပန်းချီဟာ သရုပ်ဆောင်လောကတွင် ပရိသတ်အားပေးမှု ရရှိအောင် ကြိုးစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဇာတ်ကားတွေ ရိုက်ကူးနေသလို နယ်ရှိုးပွဲတွေ တော်တော်များများမှာ သီချင်းဆိုပေးနေတာလည်း တွေ့ရပါတယ်။

Photo : မေပန်းချီ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ