Local Celebrity: တပ်မတော်သားတွေကို ချစ်မြတ်နိုးတဲ့ စိုးမြတ်နန္ဒာ

စစ်သားသားသမီးမို့ စစ်တပ်ကို ချစ်တာဖြစ်တယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် စိုးမြတ်နန္ဒာကတော့ တပ်မတော်သားတွေကို ချစ်မြတ်နိုးတယ်လို့ ဆိုပါတယ်။ ငယ်စဉ်ကတည်းက ရဲဘော်တွေ ရဲဘော်မိန်းမတွေနဲ့ အတူနေရတာကြောင့် စစ်တပ်ကို  ချစ်တာပါလို့ သူမက ဆိုပါတယ်။ လူဆိုးနဲ့ လူကောင်းနှစ်မျိုးရှိတဲ့ လောကကြီးမှာ  စစ်သားတိုင်းလူဆိုးမဟုတ်သလို စစ်သားမဟုတ်တိုင်းလဲ လူကောင်း မဟုတ်ပါဘူး လို့ သူက ပြောထားပါသေးတယ်။

play

 

"စစ်သား သားသမီး မို့ စစ်တပ်ကိုချစ်တယ် မွေးကထဲက စစ်သားတွေ ရဲဘော်တွေ ရဲဘော်မိန်းမတွေနဲ့ နေရလို့ စစ်တပ် ကို ချစ်တယ်။လူဆိုး နဲ့ လူကောင်း ၂ မျိုးရှိတဲ့ လောကကြီးမှာ စစ်သားတိုင်းလူဆိုးမဟုတ်သလို စစ်သားမဟုတ်တိုင်းလဲ လူကောင်းမဟုတ်ဘူး အဖေ စစ်သား အမေ က ခုလို ပန်းကုန်းတွေစွပ်ခဲ့တာမို့ စစ်သားတွေကို ချစ်တုန်း။ " ဆိုပြီး  (၇၂)နှစ်ပြည့် တပ်မတော်နေ့က စိုးမြတ်နန္ဒာ တင်ထားတဲ့ စာသားလေး ဖြစ်ပါတယ်။ အဲ့ဒီစာသားလေးနဲ့အတူ မိခင်ဖြစ်သူက ဖခင်ကို ပေါင်းကုံးစွပ်နေတဲ့ ပုံလေးကိုပါ တင်ထားပါတယ်။

play

စိုးမြတ်နန္ဒာကတော့ လက်ရှိမှာ အနုပညာအလုပ်တွေထက် စီးပွားရေးဘက်ကို ပိုပြီး ဦးစားပေးလုပ်ဖြစ်နေပါတယ်။ သားဖြစ်သူ ကြိုက်တဲ့ ကိတ်မုန့်တွေကို လုပ်ကျွေးနိုင်အောင်လို့ ကိတ်မုန့်ဖုတ်သင်တန်းတွေ တက်ဖြစ်နေသလို ပန်းအလှပြင်သင်တန်းတွေလည်း တက်ဖြစ်နေတယ်လို့ သိရပါတယ်။

Photo : စိုးမြတ်နန္ဒာဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ