Local Celebrity: တပ်​မ​တော်​​နေ့မှာ ဂုဏ်ြ​ပုပန်းကုံးစွပ်​ခဲ့တဲ့ ​အေးမြတ်​သူ

play

 

မတ်လ(၂၇)ရက်နေ့က ကျရောက်တဲ့ (၇၂)ကြိမ်မြောက် တပ်မတော်နေ့မှာတော့ သရုပ်ဆောင် အေးမြတ်သူက တပ်မတော်သားတွေအတွက် ဂုဏ်ပြုပန်းကုံးစွပ်ခဲ့ပါတယ်။ စစ်သားများအတွက် တစ်တက်တစ်အားနဲ့ အပြေးအလွှား ပါဝင်နေတဲ့ သူမရဲ့ ပုံရိပ်လေးက အသက်ဝင်လှပါတယ်။

စံပယ်ပန်းကုံးလေးတွေနဲ့ ဂုဏ်ပြုပန်းကုံး စွပ်ပေးနေတဲ့ အေးမြတ်သူရဲ့ ပုံရိပ်လေးကလည်း ချစ်စရာ ကောင်းလှပါတယ်။ တပ်မတော်နေ့အခမ်းအနားမှာတော့ အေးမြတ်သူအပြင် အခြားသော အနုပညာရှင်များလည်း တက်ရောက်တာကို တွေ့ရပါတယ်။

play

 

အေးမြတ်သူကတော့ လက်ရှိမှာ ခရီးတွေ ဆက်တိုက်သွားနေတယ်လို့ သိရပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖို့ ရှိနေပါသေးတယ်။အေးမြတ်သူဟာ ‘မအေးပွင့်မြင့်မြင့်စန်း လမ်းသုံးဆယ်’၊ ‘ပရော်ဖက်ဆာဒေါက်တာ ဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ’၊  ‘မေထုန်ရာသီဖွား’၊ ‘ငဘ" စတဲ့ ရုပ်ရှင်ဇာတ်ကားများနဲ့ ၂၀၁၆ခုနှစ်အတွင်းမှာ ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်ပြိး ၂၀၁၆ခုနှစ် အမျိုးသမီးဇာတ်ပို့ဆုအတွက် တစ်ပြေးခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၆ခုနှစ်အကယ်ဒမီပေးပွဲမှာ အမျိုးသမီးဇာတ်ပို့ဆုအတွက် ထူးချွန်ဆုပေးအပ်ခဲ့ခြင်း မရှိခဲ့ပါဘူး။ 

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ