Local Celebrity: အနုပညာရှင်များစွာနဲ့ ကျင်းပခဲ့တဲ့ ရှင်ပြုရဟန်းခံပွဲ

မိုးကုတ်မြို့မှာ ဖြစ်ပါတယ်။

play

 

မိုးကုတ်မြို့ ကျပ်ပြင်ရပ်မှာ ကျင်းပပြုလုပ်တဲ့ရှင်ပြုရဟန်းခံပွဲကတော့ အနုပညာရှင်များစွာနဲ့ ကျင်းပခဲ့တဲ့ ပွဲတစ်ခု ဖြစ်ပါတယ်။ အလှူရှင် ဦးဝင်းမြင့် - ဒေါ်အေးအေးမြင့်တို့ က ပြုလုပ်ကျင်းပတဲ့ အလှူတော်မင်္ဂလာပွဲမှာ စန္ဒီမြင့်လွင်၊ အေးဝတ်ရည်သောင်း၊ ခရစ္စတီးနား၊ အစ္စဏီ၊ သိန်းလင်းစိုးတို့က ပါဝင်ပေးခဲ့ပါတယ်။

play

 

အနုပညာရှင်များနဲ့ ဒေသခံပြည်သူများ ပါဝင်ဆင်နွဲခဲ့တဲ့ အလှူတော်မင်္ဂလာပွဲကတော့ စည်ကားလို့နေပါတယ်။ အဲ့ဒီ အလှူမင်္ဂလာပွဲမှာ စန္ဒီမြင့်လွင်ကတော့ အနက်ခံပေါ်မှာအနီရောင်နှင်းဆီပွင့်လေးပါထားတဲ့ ထမီနဲ့ အနက်နဲ့ အနီကို လိုက်ဖက်အောင် ချုပ်ထားတဲ့ အပေါ်အင်္ကျီလေးကို ဝတ်ဆင်တားပါတယ်။

play

 

အေးဝတ်ရည်သောင်းကတော့ ဆင်စွယ်ရောင်ပေါ်မှာ ခရမ်းရောင်ချိတ်လိုင်းလေးတွေ ဖောက်ထားတဲ့ ထမီနဲ့ အနက်ရောင်အင်္ကျီလေးကို လိုက်ဖက်အောင် ဝတ်ဆင်ထားပြီး သူတို့နှစ်ဦးစလုံးကတော့ မြန်မာဆန်ဆန်လေး လှပလို့ နေပါတယ်။ သရုပ်ဆောင် ခရစ္စတီးနားကလည်း စိမ်းပြာပေါ်မှာ အဝါချိတ်လိုင်းလေးတွေ ဖောက်ထားတဲ့ ချိတ်ဝတ်စုံလေးကို မြန်မာဆန်ဆန်ချုပ်ပြီး ဝတ်ဆင်ထားတာဟာလည်း သူမနဲ့ လိုက်ဖက်လွန်းလှပါတယ်။

play

 

ပါဝင်ဆင်နွဲသူ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင် လေးတွေနဲ့ အနုပညာရှင်တွေကလည်း ပုသံထီးလေးတွေ ကိုယ်စီနဲ့ လှပနေကြပါတယ်။ အနုပညာရှင်တွေနဲ့အနေနဲ့ ဒီအလှူမင်္ဂလာပွဲမှာ ပွဲဝင်ဆင်နွဲဖို့ ဖိတ်ကြားခြင်း ခံရတယ်လို့ ယူဆရပါတယ်။ သရုပ်ဆောင် အေးဝတ်ရည်သောင်းကတော့ "ဦးဝင်းမြင့် ဒေါ်အေးအေးမြင့် အလှူတော်မင်္ဂလာ မိုးကုတ်မြို့ ကျပ်ပြင်ရပ်" လို့သာ ရေးသားထားပါတယ်။

Photo : အေးဝတ်ရည်သောင်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ