Local Celebrity: မွေးရပ်မြေမှာ မိဘတွေအတွက် အလှူလုပ်ပေးတဲ့ သားငယ်

play

 

Myanmar Idol Season 2 ရဲ့ Winner ဆုရှင် သားငယ်ကတော့ မွေးရပ်မြေမှာ မိဘတွေအတွက် အလှူသွား လုပ်ပေး ပါတယ်။ မတ်လ(၂၇)ရက်နေ့က  ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ ကွယ်လွန်သူ မိဘနှစ်ပါးအတွက်က ရည်းစူးပြီး အလှူလုပ်ပေးကာ ချစ်ရတဲ့သူတွေ အားလုံးနဲ့ တွေ့ဆုံခဲ့ပါတယ်။ မာန်အောင်ကိုသွားပြီတာနဲ့ တောာင်ကုတ်ကို ဆက်သွားမယ်လို့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

"ဒီနေ့ မာန်အောင်ကိုလာပါမယ်။  မနက်ဖြန်မနက် တောင်ကုတ် ကိုရောက်မှာပါ။ တောင်ကုတ်က အမျိုးတွေနဲ့လည်း တွေ့ချင်ပါတယ်ဗျာ။  ရခိုင်တစ်ပြည်နယ်လုံးကို လာချင်ပေမယ့်  သင်္ကြန်အတွက် ပြင်ဆင်စရာလေးတွေနဲ့ လက်ခံ ထားပြီးသားပွဲလေးတွေရှိလို့ပါ။ မာန်အောင် မြို့မှာပဲ ကွယ်လွန်သွားတဲ့ ကျွန်တော့်မိဘနှစ်ပါးအတွက် ရည်စူးပြီး အလှူ လုပ်ပေးရင်း ကျွန်တော်ချစ်ရတဲ့ သူအားလုံးနဲ့လည်း ပရဟိတ တစ်ခုခုလုပ်ပြီးတော့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင် ပါတယ်။

တခြားမြို့တွေကို လောလောဆယ်မလာနိုင်ခဲ့တာကိုတော့ နားလည် ခွင့်လွှတ်နားလည်ပေးဖို့(အထူး)မေတ္တာရပ် ခံပါရစေ။  သင်္ကြန်ပြီးတာနဲ့ ကျွန်တော်အချိန်ရရင်ရသလို အားလုံးနဲ့တွေ့ဖို့ စီစဉ်ပ့ါမယ်" လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ မတ်လ(၂၇)ရက်နေ့က ရေးသားထားပါတယ်။

play

 

Myanmar Idol ပထမဆုရှင် သားငယ်ကတော့ Myanmar Idol က ချီးမြှင့်တဲ့ ငွေကျပ် သိန်း၂၀၀၊ Pantene မှ သိန်း ၁၀၀၊ MPT ဖုန်းဘေလ်ကျပ် ၁၀သိန်း၊ Star City အိမ်ရာတွင် သုံးလအခမဲ့နေထိုင်ခွင့်၊  Maybelline အလှကုန်က တစ်နှစ်စာ အလှကုန်ပစ္စည်းများ၊  Ford Myanmar ဖို့ဒ် (Ecosport) ကားအသစ်တစ်စီး ရရှိခဲ့ပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ