AD
AD
AD

အဆိုတော် ကြက်ဖကတော့ ဂျော်နီငါးပိနဲ့ တော်ကီချက်ကြီးဇာတ်လမ်းတွဲ ထဲမှာ သရုပ်ဆောင် ညီထွဋ်ခေါင် ၊  ဆုမြတ်နိုးဦး တို့နဲ့ အတူ ပါဝင်သရုပ်ဆောင်ထားပြီး  ပထမဆုံးရိုက်ကူးတဲ့ ဇာတ်လမ်းတွဲ ဖြစ်တဲ့အပြင် ဇာတ်လမ်းတွဲထဲက ကာရိုက်တာကို အားရကျေနပ်မှုရှိတယ်လို့ ဆိုပါတယ်။

play

 

ကာရိုက်တာပုံစံကတော့ ဆုမြတ်နိုးဦး ရဲ့ အစ်ကို တစ်ယောက်နေရာက ပါဝင်ပြီး ဂျော်နီငါးပိ အနေနဲ့ သရုပ်ဆောင် ထားတဲ့ ညီထွဋ်ခေါင်နဲ့ တော်ကီချက်ကြီးအဖြစ်သရုပ်ဆောင်တဲ့ ကြက်ဖ တို့ကငယ်ငယ်ကတည်း က မတည့်ကြတဲ့ သူတွေဖြစ်ပြီး အရွယ်ရောက်လာလို့ ဂျော်နီငါးပိက တော်ကီချက်ကြီးရဲ့ ညီမကို ကြိုက်တဲ့ အခါ ရန်သူလို ဖြစ်သွားကာ တစ်ယောက်နဲ့တစ်ယောက် မထင်မှတ်ထားတဲ့ အစွမ်းကိုယ်စီရပြီး ပါဝါတွေပြိုင်ကြတဲ့ ပုံစံလေးပါလို့လည်း ဆိုပါတယ်။

play

 

အခုလက်ရှိမှာလဲ သူ့ရဲ့ Solo Album အတွက် သီချင်းတွေလုပ်နေပြီလို့ ဆိုပါတယ်။သီချင်းအပုဒ်ရေ ကတော့ ၁၀ ပုဒ်၊ ၁၁ပုဒ် ပါဝင်မယ်လို့  သိရပြီး သီချင်းအမျိုးအစားအနေနဲ့ကတော့ ဆိုနေကြပုံစံဖြစ်တဲ့ အပြင် သီချင်းအကြောင်း အရာတွေက ထူးခြားမှုကို ဖြစ်စေမှာပါလို့ သူက ဆိုပါတယ်။

play

 

ဂီတအပိုင်းရော သရုပ်ဆောင်အပိုင်းကိုပါ တွဲလုပ်ဖြစ်နေတဲ့ ကြက်ဖရဲ့ အိမ်ထောင်ရေးကတော့ အခုလက်ရှိမှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုအပြင် တကူးတက တည်ဆောက်နေတာကတော့  ကိုယ့်မိဘတွေကို ပြန်ကြည့်နေကြတယ်။နှစ်ယောက်သား အိမ်ခွဲနေကြပြီး သူ့မိဘကိုလည်း သူအချိန်ပေးနေသလို ကိုယ့်မိဘကိုလည်း ကိုယ်က အချိန်ပေးဖြစ်နေတယ်လို့ ဆိုပါတယ်။

Photo : ကြက်ဖ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD