ဖွေးဖွေးကတော့ ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ သရုပ်ဆောင်မယ့် ကာရိုက်တာ တစ်ခုအတွက် သတင်းထောက် ပညာကို လေ့လာဦးမယ်လို့ ဆိုပါတယ်။

play

 

အဲ့ဒီဇာတ်ကားကတော့ "သမ္မတကြီးထံပေးစာ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး အဲ့ဒီကားမှာ သတင်းထောက်ကောင်မလေး တစ်ယောက်အဖြစ် သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် သတင်းထောက်ပညာကို အတွေ့အကြုံရှိတဲ့ သတင်း ထောက်တွေဆီကနေ လေ့လာသွားမယ်လို့ The Voice မှာ ဖြေဆိုပေးထားတာ တွေ့ရပါတယ်။

play

 

ကိုယ်မလုပ်ဖူးတဲ့ ဇာတ်ရုပ်တစ်ခုဖြစ်တဲ့အတွက် ဒါရိုက်တာ ဝိုင်းရဲ့ ညွှန်းကြားတဲ့အတိုင်း ကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။

သရုပ်ဆောင် ဖွေးဖွေးကတော့ လက်ရှိမှာ "ကာဗွန်ဒိုင်အောက်ဆိုဒ်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို အလင်းရောင်၊ ကျော်ထက်၊ ရတနာဗိုလ်တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ အဲ့ဒီဇာတ်ကားရဲ့ ဒါရိုက်တာကလည်း ဒါရိုက်တာ ဝိုင်းပါပဲ။ ဇာတ်ကားရဲ့ဇာတ်ဝင်ခန်းတချို့ကို ပြင်ဦးလွင်မှာ ရိုက်ကူးပြီး ယခုလက်ရှိ ရန်ကုန်မှာ ဆက်လက်ရိုက်ကူးနေတယ်လို့ သိရပါတယ်။

Source : The Voice

Photo  : ဖွေးဖွေး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video