Local Celebrity: အိမ်ထောင်ရေး ကောလာဟလတွေနဲ့ ပတ်သက်ပြီး ပြန်လည်ရှင်းပြလိုက်တဲ့ ချမ်းချမ်း

တေးသံရှင် ချမ်းချမ်းနဲ့ သရုပ်ဆောင် ဒါရိုက်တာ ဘုဏ်းသိုက်တို့ရဲ့ အိမ်ထောင်ရေး အဆင်မပြေဘူးဆိုပြီး ကောလာဟလ တွေ ထွက်ပေါ်နေတာနဲ့ပတ် သက်ပြီး ချမ်းချမ်းက ပြန်လည်ဖြေရှင်းလိုက်တာ ဖြစ်ပါတယ်။

play

 

အိမ်ထောင်ရေးနဲ့ ကောလာဟလထွက်ခဲ့ရခြင်းဟာလည်း ချမ်းချမ်းက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ခံစားချက်တချို့ကို ရင်ဖွင့်တဲ့အနေနဲ့ ရေးသားပြီး နောက်ဖြစ်ခဲ့တာပါ။

ချမ်းချမ်းကိုယ်တိုင် ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားတဲ့ စာကတော့“သူစိတ်ညစ်နေတာတွေ မပျော်တာတွေဟာ ကိုယ့်ကြောင့်လို့ သိလိုက်ရတဲ့အခါ သူ့ကို စိတ်ဓာတ်တွေ ပျက်စီးကျဆင်းစေတာ ကိုယ့်ကြောင့်လို့ သိလိုက်ရတဲ့ အခါ ကိစ္စတစ်ခုရဲ့ ဘာကြောင့် သူဒီလိုတွေဖြစ်နေရလဲဆိုတာ အဖြေတစ်ခု သိလာရတယ်။ ကိုယ်ဟာ မင်းကို အပူပင်တွေ မပေးခဲ့မိဘူးလို့ ထင်ထားခဲ့တာ ကိုယ့်ကြောင့် မင်းဒီလောက်ထိ ဖြစ်သွားလိုက်မယ်လို့ မထင်မိတဲ့ အခါ အရာအားလုံးအတွက် စိတ်မကောင်းဘူး။

play

 

ကိုယ်ရှိနေခြင်း၊ ကိုယ်တွေးနေခြင်းတွေ.. ကိုယ့်အယူအဆ  တွေဟာ မင်းအတွက်စိတ်အနှောက်အယှက်ဖြစ်စေတာကို တကယ်မသိခဲ့ဘူး။ ဒီနေ့ကစပြီး သူဖြစ်စေချင် သလို နေမယ်လို့ ဆုံးဖြတ်လိုက်ပြီ..သူစိတ်ချမ်းသာပါစေလိုအပ်လို့ အဝေးထွက်သွားဖို့လိုလာရင်တောင် မေးခွန်း တစ်စုံ တစ်ခု မမေးဘဲ ထွက်သွားပေးမယ်။ သူခံစားနေရတာနှစ်နဲ့ တွက်ရင် ၃ နှစ်လောက်တောင်ပေါ့။ တကယ် စိတ်မကောင်းပါဘူး။ ကိုယ့်ကြောင့်မင်းထွက်ပေါက်တွေ မရှိ ဖြစ်နေခဲ့တာ မင်းရင်မဖွင့်ခဲ့ပေမ့ယ် ဒီနေ့ ကိုယ်သိလိုက်ရတယ်… မင်းသိပ်ပင်ပန်းနေတယ်ဆိုတာကိုယ့်ကြောင့်ကိုယ့်ကြောင့်။” လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

play

သူမရဲ့ ခံစားချက်တွေကို ဖေ့စ်ဘွတ်မှာ ရေးသားထားတာနဲ့ ပတ်သက်ပြီးတော့ ချမ်းချမ်းက ယခုလို ပြောပြခဲ့ပါတယ်။

 “သူလည်းမအားဘူး။ တစ်ခါတစ်လေတစ်ယောက်နဲ့ တစ်ယောက် ညအိပ်တာတောင် မတွေ့ဖြစ်ဘူး။ နောက်အစ်မက အပေါင်းအသင်းနည်းတယ်။ အစ်ကိုကလည်း အဲ့လိုပဲ အလုပ်ပြီးရင် အိမ်ပြန်တယ်သမီးလေးနဲ့ပဲနေဖြစ်တယ် စိတ်ထွက်ပေါက်မရှိဘဲနဲ့ ရင်းထဲမွန်း ကျပ်သလို ဖြစ်လာတဲ့အတွက် Facebook ပေါ် ရေးတင်လိုက်တာပါ။ ကျန်တာဘာမှ မဖြစ်ပါဘူး။” လို့ ဆိုပါတယ်။

 

Source : MMK

Photo  : ချမ်းချမ်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ