Local Celebrity: ဆိုးခဲ့သမျှတွေကို တောင်းပန်လိုက်တဲ့ မင်းမော်ကွန်း

မိခင်ထံ ဝန်ချတောင်းပန်ခဲ့တာ ဖြစ်ပါတယ်။

play


သရုပ်ဆောင် မင်းမော်ကွန်းကတော့ သူဆိုးခဲ့သမျှတွေကို ခွင့်လွှတ်ဖို့အတွက် မိခင်ထံမှာ ကန်တော့ပြီး တောင်းပန်ခဲ့ပါတယ်။ မေလ (၁၄)ရက်နေ့မှာ ကျရောက်မယ့် အမေများနေ့မတိုင်ခင် ကြိုပြီး ကန်တော့ခဲ့တာ ဖြစ်ပါတယ်။

play


မိခင်ဖြစ်သူကို ပန်းစည်းလေး ပေးပြီးတော့ ဝန်ချတောင်းပန်နေတဲ့ ပုံကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်တင်ထားပြီး ခွင့်လွှတ်ဖို့စာကိုလည်း ယခုလို ရေးသားထားပါသေးတယ်။

'အမေ သားဆိုးခဲ့မိုက်ခဲ့သမျှခွင့်လွှတ်ပါအမေ ။ မနက်ဖြန်အမေများနေ့အတွက်" ဆိုပြီး ပြေထားပါတယ်။ မင်းမော်ကွန်းရဲ့ မိခင်ကို တောင်းပန်နေတဲ့ ပုံကတော့ ပရိသတ်တွေအတွက် ကြည်နူးစရာ ဓာတ်ပုံလေးလည်း ဖြစ်ပါတယ်။

play


မင်းမော်ကွန်းကတော့ လက်ရှိမှာ  တစ်လုံးချိုင့်ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးလျက်ရှိပါတယ်။ အဲ့ဒီဇာတ်ကားမှာတော့ မင်းမော်ကွန်းအပြင် ထွန်းထွန်း၊ စည်ဖြိုး၊ နေရဲနဲ့ အိချောပိုတို့ အပြင် အခြားသော အနုပညာရှင်များလည်း ပါဝင်ထားကာ ဒါရိုက်တာ သားညီက ရိုက်ကူးပုံဖော်နေတာ ဖြစ်ပါတယ်။ လူငယ်ငါးဦးရဲ့ ဘဝအခြေအနေအပေါ် အခြေခံ ရိုက်ကူးထားတာ ဖြစ်ပြိး ဇာတ်လမ်းဇာတ်ညွှန်း မိုးစက်ဝိုင်က ရေးသားထား တာ ဖြစ်ပါတယ်။

 

Photo : မင်းမော်ကွန်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ