Local Celebrity: မိသားစုပုံလေးနဲ့ အမေများနေ့ကို ကြိုဆိုလိုက်တဲ့ မင်းသွေး

မနက်(၁၂)နာရီကျော်လောက်က ဖြစ်ပါတယ်။

သရုပ်ဆောင် မင်းသွေးကတော့ အမေများနေ့ကို ဦးဦးဖျားဖျားကြိုဆိုလိုက်ပါတယ်။  မိသားစုဓာတ်ပုံလေးနဲ့ အတူ မေလ(၁၄)ရက်နေ့ နံနက် ၁၂နာရီကျော်ကျော်လေးမှာပဲ ကြိုဆိုလိုက်တာပါ။

play

 

မင်းသွေးရဲ့ အမေများနေ့ကို ကြိုဆိုလိုက်တဲ့ စာသားလေးကတော့ "ပျော်ရွှင်ဖွယ် အမေများနေ့ဖြစ်ပါစေဗျာ။ Happy Mother Day My Mom။ သားသမီးတွေအားလုံးအပေါ် ဒီထက်အများကြီး ဂရုစိုက်ပြီး ဒီထက်ပို ချစ်နိုင်ပါစေဗျာ ။ သားအငယ်ကောင် MinThway" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

play

 

မင်းသွေးတင်ထားတဲ့ ဓာတ်ပုံလေးကတော့ ပရိသတ်တွေ သိပြီးသားပါပဲ။ သူတို့မိသားစု ငယ်စဉ်က ရိုက်ကူးထားတဲ့ ပုံလေးနဲ့ သူတို့အရွယ်ရောက်တဲ့အချိန်မှာ ရိုက်ကူးထားတဲ့ ပုံဖြစ်ပါတယ်။

play

 

မင်းသွေးကတော့ လက်ရှိမှာ ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေသလို ပရိသတ်တွေအတွက် အနုပညာလောကထဲမှာ ကြိုးစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် ပိုင်းမှာသာမက အဆိုပိုင်းကိုလည်း ဝါသနာပါသူ တစ်ဦးဖြစ် ပါတယ်။ ထိုးစစ်ဆိုတဲ့ အခွေထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ Myanmar Media 7 နဲ့အတူ အနုပညာလှုပ်ရှားမှုတွေမှာ ပါဝင်သလို ပရဟိတလုပ်ငန်းတွေမှာလည်း ပါဝင်လျက်ရှိပါတယ်။

Photo : မင်းသွေး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ