Local Celebrity: စိတ်ညစ်ရင်တောင် အပြုံးမပျက်တဲ့ ရွှေသမီး

အသက် ၂၂ သာရှိသေးတဲ့ ရွှေသမီးက အခက်အခဲတိုင်း၊ ဝေဖန်တိုက်ခိုက်မှုတိုင်းကို အကောင်းမြင်စိတ်နဲ့ပဲ ကြည့်တယ်လို့ ဆိုပါတယ်။

သူ့စိတ်ကို နားလည်ပေးလိုက်ရင် ကိုယ့်စိတ်လဲ အေးချမ်းတယ်၊ သူများအပေါ်ကောင်းတာလေးတွေးပေးရင် ကိုယ့်အပေါ်လဲကောင်းတာလေးတွေပြန်လာမယ်လို့ လည်း ခံယူထားသူ တစ်ယောက်ပါ။

play

 

သရုပ်ဆောင် ရွှေသမီးကတော့ အခုလက်ရှိမှာ ဒါရိုက်တာ စတီးလ် ရိုက်ကူးမယ့် လမ်းကြောင်း ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ကွန်ပျူတာ တက္ကသိုလ် ကျောင်းသူလေး ရတနာ အဖြစ် သရုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့အတွက်  ဇာတ်ကောင် ပုံစံပြောင်းသွားတိုင်း စိန်ခေါ်မှု တစ်ခုလိုခံစားရပါတယ် လို့ ရွှေသမီးက Duwun Media ကို ဖြေဆိုထားပါတယ်။

play

 

မကြာခင်က ရိုက်ကူးပြီးခဲ့တဲ့ တည်ကြက်ရုပ်ရှင် ဇာတ်ကားကြီးရဲ့  အမှတ်တရတွေနဲ့ပတ်သက်လို့  "တကယ့်တောထဲမှာ သွားရိုက်ရတာလဲ ဖြစ်တယ်။အဖွဲ့လိုက်ကြီး တောတွေတက်ကြ တကယ့်ချောင်ဂျို ချောင်ကြားတွေ ထဲတွေ သွားရတယ်။ တစ်ခါတစ်လေ ဘေးမှာ ချောက်တွေနဲ့ပေါ့။ ဒီ တည်ကြက် ရုပ်ရှင်ဇာတ်ကားကတော့ ဘဝမှာ ဘယ်တော့မှ မမေ့နိုင်စရာ အမှတ်တရပါပဲ။" လို့ ရွှေသမီးက ဆိုပါတယ်။

play

 

အနုပညာအလုပ်နဲ့ပတ်သက်လာရင် အတွေ့အကြုံ နုသေးတယ်၊ ဇာတ်ကောင်စရိုက်တွေလည်း မစုံသေးတဲ့ အတွက် ကြောင့် လိုအပ်ချက်လေးတွေတော့ ရှိတယ်လို့ ဆိုပါတယ်။အမြဲတမ်းပြုံးနေတတ်တဲ့ သရုပ်ဆောင် ရွှေသမီးက အရမ်းစိတ်ညစ်စရာ ရှိရင်တောင် ပြုံးနေတတ်ပါတယ်တဲ့။ ဒါကလဲ ငယ်ငယ်လေး ကတည်းက အကျင့်တစ်ခုလို့ သူကဆိုပါတယ်။စိတ်ခုနေတာ စိတ်ညစ်နေတဲ့အခါတွေ ဆိုရင် အိုက်တင်လုပ်ရတဲ့ အခါ အခက်အခဲဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး စိတ်ကိုရှင်းရှင်းထားတယ် လို့လဲ ရွှေသမီးက ဆိုပါတယ်။

မေလ ၁၅ ရက်နေ့မှာ လမ်းကြောင်း ဇာတ်ကားကို စတင်ရိုက်ကူးသွားမှာဖြစ်ပြီး ဇွန်လ တစ်လလုံး ဇာတ်ကားရိုက်ကူးမှုတွေ ပြည့်နေမှာပါ လို့ ရွှေသမီးက ဆိုပါတယ်။

Photo : ရွှေသမီး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ