Local Celebrity: ကိုယ့်ပုံစံနဲ့မတူတဲ့ နောက်တစ်ယောက်ဖြစ်သွားတဲ့ပုံစံမျိုးကို သရုပ်ဆောင်ချင် တယ်လို့ ဆိုလာတဲ့ အကယ်ဒမီစိုးပြည့်သဇင်

ပရိသတ်တွေစိတ်ဝင်တစားအားပေးလို့ အောင်မြင်ခဲ့တဲ့ ခေါက်ထီးလေးမလုံ့တလုံ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သူငယ်ချင်း အပေါ် အရမ်းချစ်ပြီး ကောင်းမွန်တဲ့လမ်းကြောင်းကို ရောက်စေချင်တဲ့ ရှေ့နေမလေး တစ်ယောက်အဖြစ် သရုပ်ဆောင် ထား တဲ့ စိုးပြည့်သဇင်က သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အတွက် ကိုယ့်အပြင်ပုံစံနဲ့ မတူတဲ့ အစိမ်းသက်သက် ကာရိုက်တာမျိုး၊ ကိုယ့်ပုံစံနဲ့မတူတဲ့ နောက်တစ်ယောက်ဖြစ်သွားတဲ့ပုံစံမျိုးကို သရုပ်ဆောင်ချင်တယ်လို့လည်း ဆိုပါတယ်။

play

 

အခုလက်ရှိမှာတော့ ပထမဆုံးအနေနဲ့ မီးသတ်အကျိုးပြုဇာတ်ကားလေးတစ်ကားရိုက်နေတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားလေး ထဲမှာ သရုပ်ဆောင်စိုးပြည့်သဇင်က အကယ်ဒမီမေသဉ္ဇာဦး ရဲ့ သမီးတစ်ယောက် ကျောင်းဆရာမ လေးတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။

သရုပ်ဆောင်စိုးပြည့်သဇင်အနေနဲ့ ကာရိုက်တာအငြိမ်ဇာတ်ရုပ်လေးတွေ သရုပ်ဆောင်ရတဲ့အခါမှာ ကိုယ့်ရဲ့ ပုံစံက ဒီလို ကာရိုက်တာလေးတွေနဲ့ လိုက်ဖက်လို့ လာပေးတဲ့ ဇာတ်ရုပ်တိုင်းကိုလည်း မတူညီတဲ့ပုံစံလေးတွေနဲ့ သရုပ်ဆောင်သွားမှာပါ လို့ဆိုပါတယ်။

play

 

ရိုက်ကူးထားတဲ့ ရွှေမင်းသမီးရုပ်ရှင်ဇာတ်ကားကြီးက စိုးပြည့်သဇင်အတွက်ကတော့ အခွင့်အရေးအရဆုံး ရုပ်ရှင်ဇာတ် ကားကြီး တစ်ကားဖြစ်ပြီးလုပ်ကွက်တွေလည်း အများကြီးရခဲ့တယ်လို့ ဆိုပါတယ်။ ရွှေမင်းသမီး ရုပ်ရှင်ဇာတ်ကားကြီးထဲက ကာရိုက်တာကတော့ စိုးပြည့်သဇင် အတွက် နောက်တစ်ကိုယ်ပုံစံ မျိုးပြောင်းလဲခဲ့ သလို စိုးရိမ်စိတ်များခဲ့ရတဲ့ ဇာတ်ကားဖြစ်တယ်လို့လည်း သူက Duwun Media ကို ဖြေဆိုထားပါတယ်။

ဇာတ်ကားရဲ့ အရှေ့ပိုင်းမှာတော့ ရိုးသားတဲ့မိန်းကလေးတစ်ယောက်ရဲ့ အဖြူရောင်စိတ်ဓာတ် လေးပေါ့။သူ့မှာအနုပညာ ၀ါသနာပါတာကလွဲလို့ ကျန်တာဘာမှ မရှိဘူး၊ နောက်ပိုင်းမှာ ကာလာလေးတွေ ပြောင်းသွားတာတွေ ရှိတယ်။ပုံစံ သုံးမျိုးလောက် ပြောင်းလဲ ခဲ့ရတယ်လို့ သူကဆိုပါတယ်။ ရွှေမင်းသမီးဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး အကောင်းဆုံးကြိုး စားထား တဲ့ အတွက် အနုပညာအောင်မြင်မှုတစ်ခုတော့ မျှော်မှန်းထားပါတယ်လို့ ဆိုပါတယ်။

play

 

ဂီတပိုင်းနဲ့ပတ်သက်လို့ နယ်ရှိုးပွဲတွေလည်း ဆိုဖြစ်နေရသလို သရုပ်ဆောင်အပိုင်းနဲ့ပတ်သက်ပြီးကိုယ့်အတွက် လုပ်ကွက်ရှိမယ့်အရာမျိုး၊သူ့အတွက် အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ ကာရိုက်တာမျိုးဆိုရင်တော့ ရိုက်ကူးဖြစ်မှာပါ။ ဂီတနဲ့ သရုပ်ဆောင်ဘက်ကိုလဲ မျှမျှတတ ဆောင်ရွက်သွားမှာပါလို့ စိုးပြည့်သဇင်က ဆိုပါတယ်။

Photo : စိုးပြည့်သဇင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ