Local Celebrity: မျိုးရိုးအတ္တအစွဲနဲ့ မာန်မာနတရားတွေရဲ့ အကျိုးကို ဖော်ညွှန်းပြသမယ့် ကျွန် ရုပ်ရှင်ဇာတ်ကားကြီး

ဘုရားကျွန်မျိုးရိုးကို လက်မခံနိုင်တဲ့ အထက်တန်းလူတန်းစားမိသားစုရဲ့ မျိုးရိုးအစွဲ အတ္တနဲ့ မာန်မာနတရားတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးကို  ဖော်ညွှန်းပြသထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်သော ကျွန် ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

play

 

အဲ့ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် က  ရိုက်ကူးပုံဖော်ထားပြီး အကယ်ဒမီ နေတိုး၊ မြင့်မြတ်၊ အကယ်ဒမီဝတ်မှုံရွှေရည်၊ အကယ်ဒမီရဲအောင်၊ အကယ်ဒမီ စိုးမြတ်သူဇာနဲ့ ထူးမွန် တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ကျွန် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သက်လို့ "ဒီဇာတ်ကားကြီးမှာ ဂုဏ်ပကာသန အဆင့်အတန်း တွေကို ဂရုတစိုက် ထားတတ်တဲ့ မိသားစုနဲ့ အခြေခံ လူတန်းစားတစ်စုက ပေါက်ဖွားလာတဲ့  မျိုးရိုးမတူတဲ့ လူငယ်နှစ်ဦးရဲ့ အချစ်ဇာတ် လမ်းကို ဖော်ကျူးထားတဲ့ ဇာတ်ကားလေးပါ။အခြေခံလူတန်းစားတစ်ရပ်ကို နားလည်ပေးနိုင်တဲ့ နောက်ထပ် လူငယ်တစ် ယောက်ရဲ့ မေတ္တာကိုလည်း ထည့်သွင်းဖော်ပြထားတဲ့ ဇာတ်ကားလေးပါ " လို့ ဇာတ်လမ်း ကနုတ်မေ က ဆိုပါတယ်။

play

 

ပရိသတ်တွေ စိတ်ဝင်စားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားဖြစ်တဲ့ ကျွန် ရုပ်ရှင်ဇာတ်ကားကြီးကို မေလ နောက်ဆုံး အပတ်တွင် မြန်မာနိုင်ငံရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမယ်လို့ သိရပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ