Local Celebrity: ကျောက်မျက်ရတနာနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့နေမင်း

စီးပွားရေးတွေလည်း လုပ်နေပါပြီ။

သရုပ်ဆောင် နေမင်းကတော့ ဝါသနာပါတဲ့ အနုပညာအလုပ်တွေအပြင် စီးပွားရေးတွေလည်း လုပ်နေပါပြီ။

သူ့ရဲ့ စီးပွားရေးတွေကတော့ ကျောက်မျက်ရတနာနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ကိုင်လျက်ရှိတယ်လို့ သိရပါတယ်။ စီးပွားရေးလုပ်ငန်းကိုတေယ့ ၂၀၁၆ခုနှစ်ကတည်းက စတင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

play

 

‘‘ကြားထဲမှာ ဟာသကား တွေရိုက်တော့ အစ်ကိုမပျော်ဘူး။ အဲဒီတော့ ငါမကြိုက်တဲ့ အနုပညာတစ်ခုကို ကြိတ်မှိတ်ပြီးတော့ မ လုပ်ဘူးဆိုပြီး အပြင်ရောက်သွား  တယ်။ အဲဒီကနေ အစ်ကိုကျောက် မျက်ပိုင်းကို စလုပ်ဖြစ်တယ်။ ကျောက်က အစ်ကို့ရဲ့အနုပညာ တစ်ခုလည်းပါတယ်။ ကျောက် စိမ်းနဲ့ပတ်သက်ပြီးတော့ ကိုယ် တွေ ဗမာပြည်ကနေထွက်ပြီး တော့ တရုတ်တွေ လူလည်လုပ် တယ်လို့လည်း ခံစားရတယ်။

play

 

အဲဒါ ကို မခံချင်တဲ့အတွက် အစ်ကိုဝင် လုပ်ဖြစ်လာတာလည်းပါတယ်။ ကိုယ့်ဗမာပြည်ကဖြစ်တဲ့ သယံဇာတတစ်ခုကို တွင်တွင်ကျယ် ကျယ်နဲ့ ညီမျှတဲ့ အကျိုးအမြတ် တစ်ခုရစေချင်တာလည်း ပါ တယ်။ ကျောက်နဲ့ပတ်သက်ပြီး အကုန်လုပ်တယ်။ ပဲ့စကလေးက အစ မလွှင့်ပစ်ရက်ဘူး။ အခု တော့ တော်တော်များများ စုမိပြီ။ အဲဒါကလည်း နောက်ပိုင်း ဆိုင် ဖွင့်ဖြစ်မှာပါ’’လို့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး 7day Daily ကို ဖြေဆိုပေးထားတာ ဖြစ်ပါတယ်။

play

 

မိသားစု စီးပွားရေး ဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းကိုလည်း တွဲဖက်လုပ်ကိုင်ပေးနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ နေမင်းက စီးပွားရေးအလုပ်များအပြင် အနု ပညာလုပ်ငန်းများအဖြစ် ကလောမှာ ဟိန်းဝေယံ၊ ဖူးဖူးတို့နှင့်အတူ သရုပ်ဆောင်ရန်ရှိပြီး ဒီမိုကရေစီ ရက်သတ္တပတ်ရုပ်ရှင်ကားကြီးမှာ  ပါဝင်သရုပ်ဆောင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

Source : 7day Daily

Photo  : နေမင်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ