Local Celebrity: စားသောက်ဆိုင်ဖွင့်ထားတဲ့ အဆိုတော် စင်ဒီ

သူငယ်ချင်းတွေနဲ့အတူ ဖွင့်ထားတာ ဖြစ်ပါတယ်။

အနုပညာလောကနဲ့ ခုနစ်နှစ်ခန့်ကြာ ဝေးကွာနေတဲ့ အဆိုတော် စင်ဒီကတော့ သူငယ်ချင်းတွေနဲ့အတူ စားသောက်ဆိုင် တစ်ဆိုင်ဖွင့်ထားတယ်လို့ သိရပါတယ်။

play

 

စားသောက်ဆိုင်ကတော့ ထိုင်းအစားအစာတွေ ရောင်းတာ ဖြစ်ပြီး ShuShel နာမည်နဲ့ ကျိုက်ဝိုင်းဘုရားလမ်းမှာ ဖွင့်ထားတာ ဖြစ်ပါတယ်။

ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ သူငယ်ချင်းတွေနဲ့အတူ ပေါင်းကာ ဖွင့်ထားတယ်လို့ သိရပါတယ်။

play

 

ဂီတလောကနဲ့ ဝေးကွာနေပြီဖြစ်တဲ့ သူမကတော့ စီးပွားရေးဘက် ဦးစားပေးဖြစ်နေတာကြောင့် ဂီတဘက်ကို ရေရှည်မလုပ်နိုင်တော့တာ ဖြစ်ပြီး အပြင်ပွဲများမှာသာ သီချင်းဆိုဖြစ်နေပါတယ်တဲ့။ စီးရီးခွေမလုပ်ဖြစ်တာလည်း ခြောက်နှစ်ကျော်လောက် ရှိပါပြီ။

 

အဆိုတော် စင်ဒီဟာ ဂီတလောကကို ၂၀၀၅ခုနှစ်က စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပြီး ၂၀၁၀နောက်ပိုင်းမှာတော့ အနုပညာလောကနဲ့ အဆက်အသွယ် ပြတ်ခဲ့ပါတယ်။

ဒီကြားထဲမှာတော့ သီချင်းသစ်တစ်ပုဒ်ကိုတော့ အွန်လိုင်းကနေ တင်ပြီး ရောင်းဖြစ်ပေမယ့် အခွေထုတ်ဖို့တော့ မလုပ်ဖြစ်ဘူးလို့ သိရပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ