Local Celebrity: မသေဆုံးတဲ့ အချစ်တွေနဲ့ အိမ်ထောင်သက် ၁၂ နှစ်ပြည့်သွားတဲ့ ညိုမင်းလွင်တို့ဇနီးမောင်နှံ

ပျော်ရွှင်စရာမိသားစုလေးကိုလည်း ပိုင်ဆိုင်ထားကြတယ်။

ဒါရိုက်တာ ညိုမင်းလွင်နဲ့ ဇနီးဖြစ်သူ မစန္ဒာလွင်တို့ဟာ အခုဆိုရင် သမီးလေးနှစ်ယောက်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားကြပါတယ်။

play

 

"ဆယ့်နှစ်နှစ်တောင်ပြည့်သွားခဲ့ပြီ...Traders Hotel ရဲ့ Grand Ballroom မှာ ဧည့်သည်တွေကြောက်ကြောက်လန့်လန့်နဲ့တက်ရောက်ခဲ့ကြတဲ့

မင်္ဂလာဆောင်အခမ်းအနားတစ်ခုဟာ မေလ၊၁၅ ရက်၊၂၀၁၇ ခုနှစ်မှာ ဆယ့်နှစ်နှစ်ပြည့်ပါတယ်..ပြဿနာတွေ၊အခက်အခဲတွေကိုအတူတကွဖြေရှင်းခဲ့ကြရင်းနဲ့ ဒီနေ့အထိအတူတူရှိနေခွင့်ရတာကိုက ကျွန်တော်တို့အတွက် ကံကြမ္မာကပေးတဲ့ဆုလာဘ်တစ်ခုပါ...လေးရေ...လက်ထပ်ခြင်းဟာ အချစ်ရဲ့သင်္ချိုင်းဆိုရင် ကိုယ်တို့ ဘယ်တုန်းကမှ မသေဆုံးခဲ့ကြတာ သေချာပါတယ်... တနည်းအားဖြင့်ပြောရရင်တော့ ဒီနေ့ဟာ...ကိုယ်တို့နှစ်ယောက်ရဲ့ ကိုယ်ပိုင် Judgement Day ပဲပေါ့...Happy Anniversary...လေး.. Yours Hubby, ညိုမင်းလွင်..15 May 2017" လို့ ညိုမင်းလွင်က သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားရင်း ပျော်ရွှင်ရယ်မောနေတဲ့ မိသားစုပုံလေးတွေကို တင်ခဲ့ပါတယ်။

ဒါရိုက်တာ ညိုမင်းလွင်ဟာ ဇာတ်ကားတွေကို သူများနဲ့မတူ ထူးခြားဆန်းပြားတဲ့ပုံစံနဲ့ တင်ဆက်တတ်တယ်လို့ လူသိများတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။

အခုလတ်တလော ရုံတင်ထားတဲ့  "လူများကို ခြောက်လှန့်ရန်တစ္ဆေတစ်ကောင် အလိုရှိသည်" ဇာတ်ကားဟာ ဒါရိုက်တာညိုမင်းလွင်ရဲ့လက်ရာဖြစ်တဲ့အတွက် မပြခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။

play

 

ဒါရိုက်တာ ညိုမင်းလွင်ဟာ ရုပ်ရှင်လောကထဲကို ၁၉၉၈ ခုနှစ်က  သရုပ်ဆောင်တစ်ယောက်အဖြစ် စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ပထမဆုံး ဇာတ်ညွှန်းကို ၁၉၉၉ ခုနှစ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် သူဟာ ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလမှာ ဒါရိုက်တာအဖြစ် "သိမ်မွေ့ဆူး"ဆိုတဲ့ဇာတ်ကားကို စတင်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

Photos : ညိုမင်းလွင်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ