Local Celebrity: တန်ဖိုးရှိတဲ့အသက်တွေ မဆုံးရှုံးစေချင်တဲ့ ပိုင်ဖြိုးသု

အသက်ငယ်သေးပေမဲ့ သတိဝိရိယရှိသူလေးပါ။

သရုပ်ဆောင် ပိုင်ဖြိုးသုက သူမကိုယ်တိုင် ယာဉ်စည်းကမ်းလိုက်နာရုံသာမက ပရိသတ်ကိုလည်း သူမလို လိုက်နာအောင် သူမရဲ့ချစ်စဖွယ်ဓာတ်ပုံလေးနဲ့အတူ တိုက်တွန်းနှိုးဆော်လိုက်တာ ဖြစ်ပါတယ်။

play

 

ဓာတ်ပုံထဲမှာ ပိုင်ဖြိုးသုက ကားပေါ်ထိုင်ကာ ထိုင်ခုံခါးပတ်ထားပုံကို သူမဘာသာဆယ်ဖီ ရိုက်ထားတာ ဖြစ်ပါတယ်။

"#တန်ဖိုးရှိတဲ့အသက်တွေမဆှုံးရှုံးဖို့ထိုင်ခုံခါးပါတ်ပါတ်ကြစို့

ချစ်ခြင်းများစွာဖြင့်

ပိုင်ဖြိုးသု

#DriveSafelyUseSeatBeltCampaign" ဆိုတဲ့စာကိုလည်း ယင်းပုံနဲ့အတူ တွဲပြီး တင်ခဲ့ပါတယ်။

play
မေလ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ အမေများနေ့မှာ မိခင်နဲ့အတူ ဓာတ်ပုံတွဲရိုက်နေတဲ့ ပိုင်ဖြိုးသု

 

သရုပ်ဆောင်ပိုင်ဖြိုးသုဟာ ငယ်စဉ်ကလေးဘဝထဲက အနုပညာလောကနဲ့ မစိမ်းသူ တစ်ယောက်ဖြစ်ပြီး အနုပညာပျိုးခင်း ရဲ့ စင်တင်မင်းသမီးတစ်ဦးဖြစ်ပါတယ်။ အနုပညာလောကထဲမှာ အနုပညာပျိုးခင်းက ဆရာတွေရဲ့  အားပေးကူညီမှု သူမရဲ့ ကြိုးစားမှုတွေကြောင့် အခုဆိုရင် ပရိသတ်အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင် တစ်ဦးဖြစ်လို့နေပါပြီ။

သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်သလို ဆရာဝန်တစ်ယောက်လည်း ဖြစ်တဲ့ ပိုင်ဖြိုးသုကတော လက်ရှိမှာ သရုပ်ဆောင်အလုပ်ကိုသာ ဦးစားပေးလုပ်ကိုင်နေတာ တွေ့ရပါတယ်။

Photo  : ပိုင်ဖြိုးသု ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ