Local Celebrity: ကလေးတွေနဲ့ ဂေါ်လီရိုက်ပြီး ရှုံးလာတဲ့ ပိုင်တံခွန်

ကလေးတွေ ဟားတာ ခံလိုက်ရပါတယ်တဲ့။

သရုပ်ဆောင် ပိုင်တံခွန်တစ်ယောက် ကလေးတွေနဲ့ ဂေါ်လီသွားရိုက်တာ ပါသမျှ ဂေါ်လီတွေလည်း ကုန်တဲ့အပြင် ကလေးတွေဟားတာလည်း ခံလိုက်ရတယ်လို့ ဆိုပါတယ်။

play

 

"ငါဟာ အရှုံးနဲ့ လူပါ..ပါသမျှ ဂေါ်လီတွေလည်းကုန်တဲ့အပြင် အကိုက တပွဲမှလည်းမနိုင်ဘူးလို့ ဟားခံရတယ်" လို့ ရေးပြီး ကလေးတွေနဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို သူ့ရဲ့ဖေ့စ်ဘွတ်မှာ ဒီနေ့ (မေလ ၁၅ ရက်နေ့)မှာ တင်ထားပါတယ်။

play

 

ပိုင်တံခွန်ဟာ လွန်ခဲ့တဲ့ ၄ ရက်တုန်းကလည်း မြစ်ထဲမှာာ ငါးသွားဖမ်းခဲ့ပါသေးတယ်။ ဘဝမှာ ပထမဆုံး အကြိမ် ပိုက်ပစ်ပြီး ငါးဖမ်းဖူးတယ်လို့ဆိုရင်း ပိုက်ပစ်နည်းကို အသေအချာသင်ယူနေတာကို သူတင်ထားတဲ့ ဗီဒီယိုဖိုင်ကို တွေ့ရပါတယ်။

 

ပိုင်တံခွန်တစ်ယောက် အခြေခံလူတန်းစားတွေရဲ့ဘဝတွေထဲကို ထဲထဲဝင်ရောက်လေ့လာနေတဲ့ပုံပါပဲ။ ဒါတွေလုပ်နေတာ သူနောက်ထပ်ရိုက်မယ့် ဇာတ်ကားအတွက်များလား။

ပိုင်တံခွန်ဟာ သူ့ရဲ့ အားလပ်ချိန်တိုင်းကို ပရိသတ်တွေနဲ့ Live ပြောပြီး ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ မော်ဒယ်လောက ကနေ သရုပ်ဆောင်ပိုင်းကို ဝင်ရောက်လာတဲ့ ပိုင်တံခွန်ကတော့ပရိသတ်တွေအားပေးမှု ရရှိထားတဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့အနုပညာတွေကိုလည်း ရှေ့ဆက်ပြီး ချပြသွားဖို့ ရှိတယ်လို့လည်း ပြောဖူးပါတယ်။

Photos : ပိုင်တံခွန် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ