Local Celebrity: အလှကုန်တွေ ထပ်ထုတ်ဦးမယ့် စိုင်းစိုင်းခမ်းလှိုင်

သရုပ်ဆောင်အလုပ်ကိုလည်း ကြိုးစားလုပ်နေပါတယ်။

ဂီတနဲ့ သရုပ်ဆောင်ပိုင်းမှာသာမက အလှကုန်ထုတ်တဲ့ စီးပွားရေးလုပ်ငန်းမှာပါ အောင်မြင်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ရဲ့ အနုပညာနဲ့ စီးပွားရေးနဲ့ပတ်သက်ပြီး အနာဂတ်အစီအစဉ်တွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

play

 

SAI Sexy & Intelligent တံဆိပ်နဲ့ နှုတ်ခမ်းနီများ၊ အိုင်းရှဲဒိုးနဲ့ အိုင်းလိုင်နာများ ထုတ်လုပ်ခဲ့ပြီး ပရိသတ်ရဲ့ ဝယ်ယူအားပေးမှု အခိုင်အမာရရှိထားတဲ့ စိုင်းစိုင်းဟာ နောက်ထပ်လည်း အလှကုန်ပစ္စည်းတွေ ထပ်ထုတ်သွားဖို့ရှိတယ်လို့ ဒီနေ့ (မေလ ၁၅ ရက်နေ့) က ချိုမြိန်သောလက်စားချေခြင်း ရုပ်ရှင်ဇာတ်ကားအထူးပွဲကို တက်ရောက်စဉ် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

မကြာခင်ရုံတင်တော့မယ့် ချိုမြိန်သောလက်စားချေခြင်းရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်လို့ စိုင်းစိုင်းခမ်းလှိုင်က ဒါရိုက်တာဦးမီးပွားနဲ့ စီစဉ်သူ မခိုင်မာဝင်းတို့နဲ့ အတူ Production ပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ပါဝင်တဲ့ သူတစ်ယောက်အနေနဲ့ တဖြည်းဖြည်း ရုံတင်ရက်နီးလာတဲ့ အချိန်မှာ တော်တော်ကို ရင်ခုန်နေတယ်လို့ ဆိုပါတယ်။

play

 

ဒီရုပ်ရှင်ဇာတ်ကားကြီးက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလည်း ဖြစ်တယ်။ စိုင်းစိုင်းမှာ အရင်က အရမ်းချစ်မြတ်နိုးရတဲ့ သူငယ်ချင်းကောင်မလေးတစ်ယောက်ရှိခဲ့ပြီး သူက ထားခဲ့ပြီးတဲ့နောက်ပိုင်းမှာ ကိုယ်တကယ်ချစ်ရတဲ့ ချစ်သူရှိလာတဲ့ အခါ နှစ်ယောက်အကြားဗျာများနေရတဲ့ ပုံစံမျိုး သရုပ်ဆောင်ရတာပါ။

“ဒါကတော့ ဇာတ်ကားထဲမှာပေါ့ အပြင်မှာတော့ အချစ်ရေးနဲ့ပတ်သက်လို့ ဘယ်တုန်းကမှ ကြားညပ်ခဲ့တာမရှိဘူး။အချစ်ဇာတ်လမ်းတွေအရိုက်များပေမဲ့ ဒီကာရိုက်တာနဲ့ပဲ လိုက်ဖက်တယ်၊ ဒီလိုဇာတ်လမ်းမျိုးတွေပဲ ရိုက်မယ်လို့ ကိုယ့်ကိုယ်ကို မခံယူထားတဲ့အတွက် ဒရာမာဇာတ်ကားရော၊ အက်ရှင်ဇာတ်ကားပါ ရိုက်ကူးသွားနိုင်အောင်ကျွန်တော်ကြိုးစားသွားမယ်” လို့ စိုင်းစိုင်းက ဖြေကြားခဲ့ပါတယ်။

 

ရရှိတဲ့ အခွင့်အရေးပေါ်မှာတော့ အကောင်းဆုံးကြိုးစားထားတဲ့ အတွက် သရုပ်ဆောင်တာ ပီပြင်တယ် မပီပြင်ဘူးဆိုတာကတော့ ပရိသတ်တွေဆီက ရရှိလာမယ့် အဖြေပါပဲ၊ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကရိုက်ကူး ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ အတွက် အခုလို ပြန်ကြည့်တဲ့ အခါမှာ ကိုယ့်လိုအပ်ချက်လေးတွေကိုလည်း ပြန်မြင်ရတာရှိပါတယ် လို့ စိုင်းစိုင်းခမ်းလှိုင်က ဆိုပါတယ်။

ယနေ့အချိန်ထိ သရုပ်ဆောင်အပိုင်းနဲ့ပတ်သက်လို့ လိုအပ်ချက်တွေ အားနည်းချက်တွေရှိသော်လည်း အားပေးကြတဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်တယ်လို့ စိုင်းစိုင်းက ပြောခဲ့ပါတယ်။

ချိုမြိန်သောလက်စားချေခြင်း ရုပ်ရှင်ဇာတ်ကားကြီးကို မေလ(၁၉) ရက်နေ့မှ စပြီး မြန်မာနိုင်ငံရှိ အဆင်ြ့မင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ